ဇာတ်ကားများ ရွေးရန်

Flowers in the Attic

2014ဇာတ်ကားအမှတ် 6.7/1090 မိနစ်

ဒီကားလေးကတော့ စာရေးဆရာ V.C Andrews ရဲ့ Flowers in Attic ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်ကားက ယောက်ျားသေဆုံးသွားလို့ သိပ်ချမ်းသာတဲ့ မိဘအိမ်မှာ ပြန်ပြီးနေရတဲ့ အမေတစ်ယောက်နဲ့ ကလေးလေးယောက်အကြောင်းကို အခြေခံထားတာပါ။ သာမန်ဇာတ်လမ်းတွေလိုမျိုး မဟုတ်ပဲ အတိတ်မှာ နာကျည်းမုန်းတီးစရာတွေအပြည့်ရှိနေခဲ့ပါ။ မိဘ ခွင့်မပြုခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ခဲ့တဲ့ ကရင်း အမေအရင်း ဖြစ်ပေမဲ့ ကရင်းအပေါ် အသေမုန်းတီးနေတဲ့ ကရင်းရဲ့ မိခင် နဲ့ အပြစ်မဲ့တဲ့ ကလေးလေးယောက်ကို ထပ်ခိုးအခန်းကျဉ်းလေးထဲမှာ ပိတ်ထားတဲ့ အဖွား၊ ရုပ်ဝတ္ထုပစ္စည်းဘယ်လောက်ပဲ ကြွယ်ဝချမ်းသာပေမယ့် မမြင်နိုင်တဲ့ လူတွေရဲ့ စိတ်က အင်မတန်ကြောက်စရာကောင်းတယ်ဆိုတာ ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ခံစားရမှာပါ။ အတိတ်က ဘယ်လိုအဖြစ်တွေကြောင့် ကရင်းရဲ့ မိခင်က ကရင်းအပေါ်ကို ဘာကြောင့် အသေမုန်းတီးနေတာလဲ? ကရင်းနဲ့ သူ့ကလေးလေးယောက်ကြားက ဆက်ဆံမှုတွေကရော စိတ်ဖြေစရာမရှိတဲ့အခါမျိုးဆိုရင် အရွယ်ရောက်နေတဲ့ ယောက်ျားလေး မိန်းကလေးတွေရဲ့ စိတ်မှာဖြစ်ပေါ်လာတဲ့  ခံစားမှုတွေ လူတွေက ပိုင်ဆိုင်မှုလောဘတွေနဲ့ ယှဉ်လာတဲ့အခါ သွေးသားတော်စပ်နေပေမယ့် ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်တတ်တဲ့အကြောင်းတွေ ပါဝင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ သာမန်ပတ်ဝန်းကျင်က လက်ခံနိုင်တဲ့အချက်တွေနဲ့ ကွဲလွဲနေတာမျိုးပါတာဖြစ်တဲ့အတွက် မိသားစုနဲ့ အတူမကြည့်စေချင်ပါဘူး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Yuki ဖြစ်ပီ Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : (1 GB) & (416 MB) Quality : 1080p.BluRay Running Time :1hr  26min Format : Mp4e Genre    : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Yuki Encoded by Arkar Phyo (Yrfatt)

ဇာတ်လမ်းအကြောင်း