My Killer Client
ခရစ္စတာက လူတစ်ယောက်ချင်းစီရဲ့ ဝတ်စားဆင်ယင်ပုံကို ပြင်ဆင်ပေးတဲ့ Personal Stylist တစ်ယောက်ပါ။ သူ့ဆီမှာ ကတ်ဆိုတဲ့ ဖောက်သည်အသစ်တစ်ယောက် ရလာတယ်။ ကတ်က ရှက်တတ်ပြီး လူတောမတိုးတဲ့အတွက် ခရစ္စတာက ပြုပြင်ပြောင်းလဲပေးရင်း နှစ်ယောက်သား ခင်မင်လာကြပါတယ်။ တစ်နေ့တော့ ကတ်ဟာ ခရစ္စတာရဲ့ ခင်ပွန်းလောင်း ဂျိတ်နဲ့ ကျောင်းတုန်းက တွဲခဲ့ဖူးတဲ့ ကစ်တီဖြစ်နေမှန်း သိလိုက်ရတယ်။ ကစ်တီ့အကြောင်း သိထားတဲ့ ဂျိတ်က ခရစ္စတာကို အကြိမ်ကြိမ် သတိပေးပေမယ့် သူကတော့ အစပိုင်းမှာ အလေးအနက် မထားခဲ့ဘူး။ ကစ်တီ့ရဲ့ ထူးဆန်းတဲ့အပြုအမူတွေကို တဖြည်းဖြည်း မြင်လာမှ သံသယဝင်လာပါတယ်။ ကစ်တီက ငယ်ချစ်ဦးကို ပြန်ရချင်နေသူဖြစ်ပြီး ခရစ္စတာနဲ့ ဂျိတ်တို့ကြား ဝင်လာတဲ့ သူ့ရဲ့စွဲလမ်းမှုက လူသတ်မှုအထိ ပါဝင်လာတယ်။ အစက ခင်မင်ခဲ့တဲ့ ဖောက်သည်တစ်ယောက်ကြောင့် ခရစ္စတာရဲ့ အချစ်ရေးမှာ ကြောက်စရာအခြေအနေတွေ ကြုံလာရပါတယ်။
ဇာတ်လမ်းအကြောင်း