ဇာတ်ကားများ ရွေးရန်

Out for Justice

1991ဇာတ်ကားအမှတ် 6.1/1091 မိနစ်

ဘရွတ်ကလင်မှာ ဂိုဏ်းစတားတွေက ကိုယ့်နယ်မြေနဲ့ကိုယ် ကြီးစိုးနေကြတဲ့အချိန် ဂျီနိုဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အဖေကို အလွန်အားကျနေခဲ့တယ်။ တစ်ရက်မှာ အဖေက စတိုးဆိုင်ထဲက သူခိုးတစ်ယောက်ကို ဆွဲထုတ်၊ ထိုးကြိတ်ပြီး ဂျီနို့မျက်စိရှေ့မှာပဲ ကားနောက်ဖုံးထဲ ထည့်ပိတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီကားနဲ့ပဲ သားကို ရုပ်ရှင်သွားပြတယ်။ ရုပ်ရှင်ပြီးမှ အဖေက ဂျီနို့ကို ကားသော့ပေးပြီး လုပ်စရာရှိတာ လုပ်လို့ ပြောလိုက်တယ်။ ဂျီနိုက ကားနောက်ဖုံးကို ဖွင့်ပေးပြီး ခြိမ်းခြောက်စကားပြောလိုက်တော့ သူခိုးလည်း ထွက်ပြေးသွားပါတယ်။ ဂျီနိုက အဲဒီကတည်းက အဖေ့လို လူမိုက်ဖြစ်ချင်ခဲ့ပေမယ့် တကယ်အရွယ်ရောက်လာတဲ့အခါမှာတော့ ရဲတစ်ယောက် ဖြစ်လာတယ်။ Steven Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအက်ရှင်မှုခင်းကားမှာ လူမိုက်တွေနဲ့ ပေါင်းသင်းကြီးပြင်းခဲ့တဲ့ ဂျီနိုဟာ အခုတော့ ဥပဒေဘက်က ရပ်တည်နေသူပါ။ သူ့သူငယ်ချင်းတစ်ယောက်က လက်ခံနိုင်စရာမရှိတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တဲ့အခါ ဂျီနို ဘယ်လိုကိုင်တွယ်မလဲ။

ဇာတ်လမ်းအကြောင်း