ဇာတ်ကားများ ရွေးရန်

Casino

1995ဇာတ်ကားအမှတ် 8.0/10179 မိနစ်

Casino (1995) IMDb..... 8.2/ Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ်... ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်.... ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် .... Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်... Sam Ace Rothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ်... သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်... သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ ဘယ်ဝိုင်းက ထိုးသားအခြေအနေ လောင်းကြေးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင်စွမ်းရှိတယ်..  တစ်ဆက်တည်း သူလိုချင်တဲ့အနေအထားကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်.. ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကို ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်... သူ့ကိုလက်ဖျားနဲ့မပြောနဲ့ စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစားတစ်ယောက်ကို သူ့အနားမှာထားပေးတယ်... အဲဒီအလုပ်ကို သူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ.... ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ..... ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး...... ဒီကားက တချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်.... File Size : 5.19GB/ 1.67GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:58:50 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Yadanar Oo Encoded by Tiff

ဇာတ်လမ်းအကြောင်း