Freddy
ဖရက်ဒီက အသက် ၂၈ နှစ်အထိ ရည်းစားမထားဖူးသေးတဲ့ သွားဆရာဝန်တစ်ယောက်ပါ။ မိဘမရှိတော့ဘဲ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ နေထိုင်နေရတယ်။ ရိုးအေးပြီး အူတူတူနိုင်တဲ့ သူ့ပုံစံကို မိန်းကလေးတွေက သဘောမကျကြတဲ့အတွက် အချစ်ကို ရှာဖွေရင်း အထီးကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ဘဝထဲကို စိတ်လှုပ်ရှားရင်ခုန်စရာတွေ ယူလာပေးတဲ့ မိန်းကလေးတစ်ယောက် ရောက်လာတယ်။ အဲဒီမိန်းကလေးမှာ အိမ်ထောင်ရှိပေမယ့် ဖရက်ဒီက ချစ်မိသွားပြီး လက်ထပ်ဖို့အထိ စဉ်းစားကာ ချဉ်းကပ်ပါတော့တယ်။ မိန်းကလေးကလည်း ခင်ပွန်းရဲ့ အထက်စီးဆန်ဆန် ချုပ်ကိုင်မှုနဲ့ နှိပ်စက်မှုတွေကို ခံနေရသူပါ။ အချစ်ကို အခုမှတွေ့လာတဲ့ ဖရက်ဒီနဲ့ အိမ်ထောင်ရေးထဲမှာ နှိပ်စက်ခံနေရတဲ့ မိန်းကလေးတို့ ရှေ့ဆက် ဘယ်လိုဖြစ်ကြမလဲ။ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ သည်းထိတ်ရင်ဖို လှည့်ကွက်တွေကြားမှာ သူတို့တွေ့ဆုံခဲ့ကြတာက ကံကြမ္မာကြောင့်လား၊ တစ်ယောက်ယောက်က ဖန်တီးထားတာလားဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။
ဇာတ်လမ်းအကြောင်း