Repeat Shoe
တစ်ညမှာ မူးနေတဲ့ စာရေးဆရာတစ်ယောက် ရဲစခန်းကို ရောက်လာပြီး သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကို ခြိမ်းခြောက်နေတယ်လို့ တိုင်တန်းပါတယ်။ ရဲတွေက မယုံနိုင်ဖြစ်နေကြပေမယ့် မကြာခင်မှာပဲ သူရေးထားတဲ့ ဝတ္ထုထဲကအတိုင်း တစ်ပုံစံတည်းဖြစ်နေတဲ့ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုကို ကြုံလာကြရတယ်။ ပြန်ပေးဆွဲခံရတဲ့ မိန်းကလေး ပူဂျာကလည်း ရဲချုပ်ရဲ့သမီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ဖြစ်လာတဲ့အမှုမို့ လူအများကြား ဟိုးလေးတကျော် ဖြစ်သွားတော့တယ်။ ဒါဟာ အပြိုင်စကြဝဠာတွေထဲကလို ဝတ္ထုဇာတ်ကောင်တွေက တကယ်ထွက်လာပြီး ကျူးလွန်နေတဲ့မှုခင်းလား။ ပျောက်နေတဲ့ ပူဂျာကရော အဲဒီဝတ္ထုနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ တရားခံအစစ်ကို ရှာဖို့ လျှို့ဝှက်အေးဂျင့်တစ်ယောက် ရောက်လာပြီး ရှုပ်ထွေးနေတဲ့အမှုကြားက သဲလွန်စတွေကို တစ်စချင်း ဖော်ထုတ်ရပါတယ်။ အဓိကဇာတ်ဆောင်အဖြစ် Naveen Chandra ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း