ဇာတ်ကားများ ရွေးရန်

Twilight's Kiss Aka Suk Suk

2020ဇာတ်ကားအမှတ် 6.8/1092 မိနစ်

ဒီဇာတ်ကားလေးကတော့ IMDb 7.1, Rotten Tomatioes က 100% အပြည့် ညွှန်းထားပြီး ၂၀၂၀ ခုနှစ် ဟောင်ကောင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် BL ကြိုက်နှစ်သက်သူတွေအတွက် လာပါပြီနော် BL ကားလေး အခုလတ်တလောမှာ ပရိသတ်တွေနှစ်သက်တဲ့ ငယ်ငယ်ရွယ်ရွယ် BL မျိုးမဟုတ်ဘဲ အရွယ်ရောက် Men Love လို့တင်စားလို့ရတဲ့ ML ကားလေးပေါ့နော် ကမ္ဘာပေါ်မှာ ကိုယ့် Gender ကို မိသားစုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က လက်ခံလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ချခွင့်ရခဲ့တဲ့လူများရှိသလို မရတဲ့လူများလည်းရှိပါတယ် ဖွင့်ချခွင့်မရှိတဲ့ အမျိုးသားအများစုဟာ သာမာန်အမျိုးသားများလို အိမ်ထောင်ပြုပြီး သားသမီးမြေးမြစ်များနဲ့ မိသားစုများရှိကြပါတယ် တစ်ချို့ကြတော့လည်း အိမ်ထောင်ပြုပြီးမှ မိမိကိုယ်ကိုသိရှိတာမျိုးလည်းရှိပါတယ် လူတစ်ယောက်နဲ့တစ်ယောက် နုပျိုချိန်ကနေ အတူတူအိုမင်းလာလို့ မေတ္တာမပျက်ကြတာမဆန်းပေမယ့် အရေးကြောင်းတွေနဲ့အိုနေချိန်မှာမှ တစ်ယောက်ကိုတစ်ယောက်မေတ္တာသက်ဝင်ဖို့ဆိုတာ အနည်းငယ်တော့ခက်ခဲပါတယ် ဒီဇာတ်ကားလေးထဲမှာတော့ အိုကလည်းအို ဂေးကလည်းဖြစ်လို့ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကိုခံနေရသူတွေအတွက် ဂေးလူအိုရုံတောင်းဆိုကြရင်း သူတို့ချင်းရိုင်းပင်းကူညီမှုတွေနဲ့ မိသားစုကိုယ်စီပိုင်ဆိုင်ထားပြီး သားသမီးမြေးမြစ်တွေရဲ့ ဂုဏ်သိက္ခာအတွက် တစ်သက်တာလုံးမိမိရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရမယ့် လူနှစ်ယောက် ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာ မြင်တွေ့ရမှာပါ ကြည့်ကြည့်ပါ ရင်ထဲတစ်ခုခုကျန်ခဲ့မှာပါ Translated & Review By Htoo Htoo Ka Joe

ဇာတ်လမ်းအကြောင်း