Warcraft
လူသားတွေနဲ့ Orc တွေဟာ အစက တစ်ဖက်နဲ့တစ်ဖက် မသိကြသလို မဆုံဖူးကြပါဘူး။ ဒါပေမဲ့ Orc တွေနေတဲ့ ကမ္ဘာ ပျက်စီးတော့မယ့်အချိန်မှာ မှော်ဆရာ Gul'dan က ဆိုးညစ်တဲ့ အစိမ်းရောင်မှော်ပညာ Fel ကို သုံးပြီး မှော်မုခ်ဝတစ်ခု ဖွင့်လိုက်တယ်။ သူက Orc တွေကို စုစည်းပြီး The Horde အဖွဲ့ကြီးတစ်ခုလုံးကို Azeroth ကမ္ဘာဆီ ခေါ်လာဖို့ ကြိုးစားနေတာပါ။ Azeroth မှာတော့ လူသားတွေ၊ လူပုတွေ၊ နတ်သူငယ်တွေဟာ အချင်းချင်း မယုံကြည်ကြ၊ မနှစ်သက်ကြပေမယ့် ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့တာ ကြာပါပြီ။ အခုတော့ ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ ဆုံလာပြီး ကိုယ့်ဘက်က ရှင်သန်နိုင်ဖို့ တိုက်ခိုက်ရတော့မယ့် အခြေအနေကို ရောက်လာကြတယ်။ လူသားဘုရင် Llane နဲ့ သူရဲကောင်း Lothar တို့က မှော်ဆရာ Khadgar ရဲ့အကူအညီနဲ့ ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ကြမလဲ။ Orc တွေဘက်မှာလည်း အမှန်တရားကို မြင်နိုင်တဲ့ နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင် ဂျူရိုတန်နဲ့ သွေးနှော Orc မိန်းကလေး Garona တို့ ရှိနေကြတယ်။ သူတို့ကရော ဘယ်လိုဆက်လှုပ်ရှားကြမလဲ။
ဇာတ်လမ်းအကြောင်း