Shamshera
ဗြိတိသျှကိုလိုနီအစိုးရက အိန္ဒိယကို သိမ်းပိုက်ထားတဲ့ကာလမှာ ရှမ်ရှေရားဆိုတဲ့ ခေါင်းဆောင် ဦးဆောင်တဲ့ ဓားပြအဖွဲ့တစ်ဖွဲ့ တောအုပ်ကြီးထဲမှာ ကျက်စားနေပါတယ်။ အာဏာရှိသူတွေကို မျက်နှာချိုသွေးတဲ့ အထက်တန်းလွှာတွေက ဇာတ်နိမ့်လို့ သတ်မှတ်ခံရသူတွေကို အပြင်းအထန် နှိမ်ကြတဲ့ခေတ်ပါ။ ရှမ်ရှေရားတို့က အဲဒီအထက်တန်းလွှာတွေဆီက လုယက်ပြီး ဆင်းရဲသားတွေကို ပြန်ဝေငှပေးကြတယ်။ ဒီလိုနဲ့ ရှမ်ရှေရားတို့အဖွဲ့ဟာ ဗြိတိသျှအစိုးရနဲ့ အပေးအယူလုပ်ပြီး လွတ်လပ်ခွင့်ရနိုင်တော့မယ့် အခြေအနေကို ရောက်လာပါတယ်။ ဇာတ်လမ်းက နှိပ်စက်ညှဉ်းပန်းခံရတဲ့ လူတစ်စု အင်အားကြီးအင်ပါယာကို တွန်းလှန်တဲ့အကြောင်းနဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ စိတ်ထားကို အခြေခံထားတဲ့ အက်ရှင်၊ စွန့်စားခန်းနဲ့ ဒရာမာ ရုပ်ရှင်ပါ။ ရန်ဘီးကပူး ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း