ဇာတ်ကားများ ရွေးရန်

Thirteen Lives

2022ဇာတ်ကားအမှတ် 7.9/10147 မိနစ်

ထိုင်းနိုင်ငံက ဂူတစ်ခုထဲမှာ ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ နည်းပြတစ်ယောက် ပိတ်မိသွားကြပါတယ်။ ကယ်ဆယ်ရေးသမားတွေ သူတို့ဆီ ရောက်လာတဲ့အထိ ခက်ခဲတဲ့အခြေအနေမှာ အသက်ရှင်အောင် နေကြရသလို ဂူအပြင်ဘက်မှာလည်း မိဘတွေက သားသမီးတွေအတွက် ပူပန်စွာ စောင့်ဆိုင်းနေကြရတယ်။ Thirteen Lives က ဒီဖြစ်ရပ်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါ။ ကလေးတွေဆီ ရောက်အောင်သွားဖို့၊ သူတို့ကို ပြန်ခေါ်ထုတ်နိုင်ဖို့ ကြိုးစားကြရာမှာ ကယ်ဆယ်ရေးသမားတွေအပြင် ဒေသခံလယ်သမားတွေကနေ နိုင်ငံခြားက လာကူညီသူတွေအထိ ပါဝင်ခဲ့ကြပါတယ်။ ဇာတ်ကားက အဲဒီလူတွေရဲ့ အားထုတ်မှုတွေနဲ့အတူ ကယ်ဆယ်သူတွေ ခံစားနေရတဲ့ စိတ်ဖိစီးမှုကိုလည်း အလေးထားဖော်ပြထားတယ်။ မိဘတွေရဲ့ ပူပန်မှုကို ပြတဲ့နေရာမှာတော့ ဂူထဲပိတ်မိနေတဲ့ ကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူ၊ ထိုင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံက ရှမ်းအမျိုးသမီးတစ်ယောက်ကို အဓိကထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တစ်ခုတည်းကို ပြထားတာတော့ မဟုတ်ပါဘူး။ ဒေသခံတွေရဲ့ နတ်နဲ့ပတ်သက်တဲ့ ယုံကြည်မှု၊ ကလေးတွေအတွက် ဆုတောင်းပေးတာနဲ့ အဆောင်တွေ ထည့်ပေးတာတို့လည်း ပါဝင်တယ်။ အဲဒီအပေါ် အင်္ဂလိပ်ကယ်ဆယ်ရေးသမားတွေရဲ့ တုံ့ပြန်ပုံကိုပါ တွဲပြထားတဲ့အတွက် အခြေအနေတစ်ခုကို ယဉ်ကျေးမှုမတူတဲ့ လူတွေ ဘယ်လိုလက်ခံကြသလဲဆိုတာကို တွေ့ရပါတယ်။ ဒါရိုက်တာက A Beautiful Mind ကို ရိုက်ကူးခဲ့တဲ့ Ron Howard ဖြစ်ပြီး Colin Farrell၊ Joel Edgerton နဲ့ Viggo Mortensen တို့ ပါဝင်ထားပါတယ်။ Lord of the Rings ထဲက အာရဂွန်အဖြစ် လူသိများတဲ့ Viggo Mortensen နဲ့အတူ Bad Genius ထဲမှာ ပါဝင်ခဲ့တဲ့ Teeradon Supapunpinyo ကိုလည်း ဒီကားမှာ တွေ့ရမှာပါ။ Colin Farrell ကတော့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူ John Volanthen အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း