ဇာတ်ကားများ ရွေးရန်

Monster

2022ဇာတ်ကားအမှတ် 4.0/10133 မိနစ်

လပ်ကီးဆင်းဟာ တိုက်ခန်းအရောင်းအဝယ်ကိစ္စတစ်ခုအတွက် နိုင်ငံခြားကနေ အိန္ဒိယကို ပြန်လာသူပါ။ သူ့ကို လေဆိပ်မှာ သွားကြိုရတာက တက္ကစီဝန်ဆောင်မှုလုပ်ငန်းမှာ ဒရိုင်ဘာလုပ်နေတဲ့ ဘာမီနီဖြစ်ပါတယ်။ ခရီးတစ်လျှောက် လပ်ကီးဆင်းက စကားတွေ မပြတ်ပြောပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ယောက်လို ပြုမူနေတယ်။ ဘာမီနီအပေါ်လည်း ခင်မင်နှစ်သက်ပုံပြလို့ အပြင်ပန်းကြည့်ရင် စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်။ အဲဒီလိုနဲ့ ဘာမီနီတို့ လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို သူလည်း လာမယ်ဆိုပြီး မရမက ပြောလာတယ်။ ပွဲကို ရောက်လာချိန်မှာတော့ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပါတယ်။ သူ ဘာလုပ်လိုက်တာလဲ၊ ဘာကြောင့် ဒီလိုလုပ်တာလဲ၊ ဘာမီနီကို ချဉ်းကပ်လာကတည်းက ဘယ်လိုအကြံအစည်တွေ ရှိနေတာလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာတော့တာပါ။ Malayalam မှုခင်းဇာတ်ကား Monster မှာ လပ်ကီးဆင်းအဖြစ် Mohanlal က သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း