My Name Is Vendetta
သူများကို သတ်မလား၊ ကိုယ်က အသတ်ခံမလားဆိုတဲ့ အတွေးနဲ့ ဘဝကို ဖြတ်သန်းလာတဲ့ မာဖီးယားတစ်ယောက်ဟာ ချစ်ရသူနဲ့ ဆုံပြီးနောက် သူ့ဘဝကို ပြောင်းလဲလိုက်ပါတယ်။ သမီးလေးတစ်ယောက်လည်း ရလာပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေနေခဲ့တယ်။ ဒါပေမယ့် အတိတ်က လုပ်ရပ်တွေကြောင့် မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့ ရောက်လာပြီး မိသားစုကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပါတယ်။ သမီးဖြစ်သူ ဆိုဖီယာကတော့ အသက်မသေဘဲ လွတ်မြောက်ခဲ့တယ်။ အဲဒီနောက် သူတို့သားအဖနှစ်ယောက်က မိသားစုကို သတ်သွားသူတွေဆီက သွေးကြွေးပြန်တောင်းဖို့ ပြင်ဆင်လာကြပါတယ်။ Netflix ရဲ့ My Name Is Vendetta က သွေးထွက်သံယို အက်ရှင်ခန်းတွေနဲ့အတူ သားအဖနှစ်ယောက်ကြားက သံယောဇဉ်နဲ့ ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့ နာကျည်းမှုကို တွဲဖော်ပြထားတဲ့ မှုခင်းအက်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း