ဇာတ်ကားများ ရွေးရန်

Girl Missing

2015ဇာတ်ကားအမှတ် 6.1/1085 မိနစ်

ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ အတိတ်ကိုပါ မေ့သွားခဲ့ပါတယ်။ မိဘတွေ ဘယ်သူလဲ၊ ကိုယ်တိုင်ကရော ဘယ်သူလဲဆိုတာ မသိတော့တဲ့အတွက် မိဘမဲ့ဂေဟာမှာ ဂျိန်းဆိုတဲ့ နာမည်နဲ့ ဘဝသစ်စခဲ့ရတယ်။ အရွယ်ရောက်လို့ အလုပ်အကိုင်နဲ့ နေနေတဲ့အချိန်မှာတော့ သူ့မိခင်လို့ဆိုသူ ဆေလ်ဗီယာ ပေါ်လာပါတယ်။ ဒီအန်အေစစ်ဆေးမှုအဖြေ မထွက်သေးပေမယ့် ဆေလ်ဗီယာဟာ ဂျိန်းရဲ့မိခင် ဖြစ်နိုင်ခြေများနေပြီး ဂျိန်းကို သူ့အိမ်ဆီ အလည်ခေါ်လိုက်တယ်။ ဆိတ်ငြိမ်တဲ့နေရာက အိမ်ကြီးထဲမှာ ဂျိန်းဟာ အိမ်ထိန်း ထရီဇာနဲ့ ဆေလ်ဗီယာရဲ့ ဒုတိယခင်ပွန်း ကာလိုတို့ကို တွေ့ရပါတယ်။ ချမ်းသာတဲ့ မိခင်ရဲ့သမီးအဖြစ် ပျော်ပျော်ရွှင်ရွှင် နေရတော့မယ်လို့ မျှော်လင့်ထားပေမယ့် အိမ်ရောက်ပြီး နောက်တစ်ရက်မှာပဲ ထူးဆန်းပြီး သံသယဖြစ်စရာတွေ စကြုံလာရတယ်။ အဲဒီအဖြစ်တွေက ဂျိန်း ငယ်စဉ်က ပျောက်ဆုံးခဲ့တာ၊ အတိတ်မေ့သွားတာနဲ့ ဖခင်သေဆုံးခဲ့တာတို့နဲ့ ဘယ်လိုပတ်သက်နေမလဲ။ မိသားစုကို ပြန်တွေ့ပြီလို့ ထင်နေတဲ့ ဂျိန်းအတွက် ဒီအိမ်မှာ ကြုံလာရသမျှက စိတ်မသိုးမသန့်ဖြစ်စရာ မေးခွန်းတွေ ဖြစ်လာပါတယ်။

ဇာတ်လမ်းအကြောင်း