ဇာတ်ကားများ ရွေးရန်

Ten Hours

2025ဇာတ်ကား128 မိနစ်

Ten Hours (2025) ဆယ်နာရီကြာအကန့်အသတ် IMDb 8.0/10 တစ်ချိုသောသူတွေက ရိုးစင်းလွန်းတယ်လိုခံစားရပြီး အခြေကျတာထက် စိတ်လှုပ်ရှားစေတဲ့အလုပ်ကိုပဲ လုပ်လိုကြပါတယ်ကတ်စ်ထရိုဆိုတဲ့ရဲကလည်း အဲဒီလိုလူမျိုးပါ သူက ခက်ခဲတဲ့အမှုများစွာကို ဖြေရှင်းနိုင်ခဲ့ပါတယ် ဒါပေမဲ့ သူ့လုပ်သက်တစ်လျှောက်မှာ စိန်ခေါ်မှုအရှိဆုံးပါလို သူခံစားရစေတဲ့ ဆယ်နာရီကြာဖြေရှင်းရတဲ့ အမှုတစ်ခုတော့ရှိခဲ့ပါတယ်တဲ့ တစ်ညမှာသူ့ဆီ မိဘနှစ်ဦးရောက်လာပါတယ် သူတိုသမီးလေးဟာ ပုံမှန်ပြန်ရောက်ရမယ့်အချိန်ကို အိမ်ပြန်မရောက်လာ‌သေးသလို သင်တန်းကို မေးကြည့်တော့လည်း မရောက်လာဘူး ပြောတဲ့အတွက် လူပျောက်တိုင်ချက်လာဖွင့်တာပါ ဒီလိုနဲ့သူလည်း ကောင်မလေးသင်တန်းရှိရာဆီ မေးမြန်းစုံစမ်းဖို ထွက်လာပါတော့တယ် အဲဒီနောက်မှာတော့ ညတွင်းချင်းသွားတဲ့ခရီးပေါ်က ဘက်စ်ကားမှာ လူသတ်မှုတစ်ခုဖြစ်သွားပါ‌တယ် ကတ်စ်ထရိုကတော့ ဒီအမှုနှစ်ခုဟာ ဆက်စပ်မှုရှိတယ်လို ကောက်ချက်ချမိပြီး ဘက်စ်ပေါ်က ခရီးသည်တိုင်းကို သူကိုယ်တိုင်သေချာ မေးမြန်းဖော်ထုတ်ပါတော့တယ် ဒီတော့မှသိရတာက ဘက်စ်ပေါ်ကခရီးသည်တိုင်း နောက်ကွယ်မှာ လျှိဝှက်ချက်ကိုယ်စီ ရှိနေတာပါ ဒီလိုနဲ့ ခရီးသည်တွေ လူစုမကွဲခင် သက်သေတွေမပျောက်ဆုံးခင် ကျန်ရှိတဲ့ခရီးစဉ်ကြာချိန်ဖြစ်တဲ့ ဆယ်နာရီပဲ ကတ်စ်ထရိုမှာ အချိန်ရပါတော့တယ် ခရီးသည်တွေတိုင်းဟာ လူသတ်သမားဖြစ်နေနိုင်တဲ့အ‌ခြေအနေနဲ့ ကတ်စ်ထရိုရဲ့ အမှုကိုင်တွယ်ဖြေရှင်းမှု ပြောင်‌မြောက်လွန်းပုံကို ဒီသည်းထိတ်ရင်ဖို ဒရမ်မာလေးမှာ ကြည့်ရှုအားပေး အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.6 GB / 800MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 58min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း