ဇာတ်ကားများ ရွေးရန်

What We Found

2020ဇာတ်ကားအမှတ် 5.1/10110 မိနစ်

မားကပ်စ်ဟာ ဘယ်တီမိုး အထက်တန်းကျောင်းမှာ ပထမနှစ် စတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူ့မှာ အလယ်တန်းကတည်းက ခင်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဟော်လီနဲ့ ဂရန့်တ်တို့ ရှိပါတယ်။ အထက်တန်းရောက်တော့ ဂရန့်တ်က တခြားကျောင်းကို ပြောင်းသွားတာကြောင့် ဘယ်တီမိုးမှာ မားကပ်စ်နဲ့ ဟော်လီတို့ပဲ ကျန်ခဲ့တယ်။ အလယ်တန်းတုန်းက အနိုင်ကျင့်ခံခဲ့ရတဲ့ မားကပ်စ်ဟာ ကျောင်းသစ်မှာတော့ အဲဒီလို မကြုံရဖို့ မျှော်လင့်ထားပေမယ့် သူထင်သလို ဖြစ်မလာခဲ့ပါဘူး။ ကျောင်းမှာ သူငယ်ငယ်က ကလေးထိန်းလုပ်ပေးခဲ့ဖူးတဲ့ ကက်စီနဲ့ ပြန်တွေ့ရပြီး အနိုင်ကျင့်ခံနေရချိန်မှာလည်း ကက်စီက ဝင်ကူညီပေးခဲ့တယ်။ ဒါပေမယ့် တစ်နေ့ ကျောင်းအပြန်မှာ ကက်စီ ရုတ်တရက် ပျောက်သွားပါတယ်။ ရဲတွေ လိုက်ရှာကြပေမယ့်လည်း မတွေ့ကြဘူး။ ဘယ်တီမိုးမြို့မှာ အရင်ကလည်း ဒါနယ်လ်ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဖူးပါတယ်။ ကက်စီကို ရှာမတွေ့သေးတဲ့အချိန်မှာ မားကပ်စ်က ဟော်လီနဲ့အတူ သူတို့ကိုယ်တိုင် လိုက်ရှာဖို့ ကြိုးစားလာကြတယ်။

ဇာတ်လမ်းအကြောင်း