ဇာတ်ကားများ ရွေးရန်

Cadaver

2022ဇာတ်ကားအမှတ် 6.6/10119 မိနစ်4K

ဗတ်ထရီဟာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ ထောင်ကျနေသူဖြစ်ပေမယ့် သူ့ဘဝကို ဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတုန်းပါပဲ။ အဲဒီအချိန်မှာပဲ သူ့အကျဉ်းခန်းနံရံပေါ်မှာ ပုံဆွဲထားတဲ့ နာမည်ကျော် လူချမ်းသာဆရာဝန်တစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အမှုလိုက်နိုင်စွမ်းကြောင့် စုံစမ်းရေးမှာ ပါဝင်လာတဲ့ ရဲဆာဂျင် ဘတ်ဒရာနဲ့ ရဲအရာရှိ ဗီရှယ်တို့ဟာ ဗတ်ထရီကို မေးမြန်းစစ်ဆေးကြတယ်။ အကျဉ်းခန်းထဲမှာ ရှိနေတဲ့ ဗတ်ထရီက တကယ်ပဲ လူသတ်တရားခံလား။ သူလုပ်တာဆိုရင် အပြင်ကလူတစ်ယောက်ကို ဘယ်လိုသတ်နိုင်ခဲ့တာလဲ၊ ကူညီပေးနေသူ ရှိနေတာလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ စစ်ဆေးရင်း ဘယ်လိုနောက်ကြောင်းတွေ သိလာရမလဲ၊ နောက်ထပ် ဘယ်သူတွေ အသတ်ခံရဦးမလဲ၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို ဆက်လက်ဖော်ထုတ်ရမယ့် မှုခင်းဒရာမာပါ။

ဇာတ်လမ်းအကြောင်း