ဇာတ်ကားများ ရွေးရန်

Rust

2025ဇာတ်ကားအမှတ် 6.3/10

ဒီရုပ်ရှင်လေးကတော့ ၁၈၀၀ ပြည့်နှစ်ကာလများက အမေရိကန်ပြည်ထောင်စုအခြေအနေကို နောက်ခံထား ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ်များမတိုင်ခင်မှာ အမေရိကန်က ဌာနေ တိုင်းရင်းသားလူမျိုးစုများနဲ့ စစ်ပွဲပေါင်းအလီလီနွှဲခဲ့ရပြီး ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ ၁၈၈၀ ပြည့်နှစ် အလွန်ကာလများမှာလည်း ဌာနေတိုင်းရင်းသားတွေ၊ လူဆိုး ဓားပြတွေ များစွာပေါများနေပြီး ရဲတပ်ဖွဲ့ရဲ့ တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်ပါ။ လူးကပ် ဆိုတဲ့ ကောင်လေးက ညီဖြစ်သူနဲ့အတူ နှစ်ယောက်တည်းနေထိုင်ပြီး အဖေဖြစ်သူရော အမေ ဖြစ်သူပါ ဆုံးပါးသွားပါပြီ။ ညီအစ်ကိုနှစ်ယောက် ဘဝကို ကြိုးစားရုန်းကန်ရင်း အစ်ကိုကြီးလူးကပ်က တစ်ရက် မှာတော့ လျော်ကြေးလာတောင်းတဲ့ လူတစ်ယောက်ကို မထင်မှတ်ပဲ မတော်တဆ သေနတ်တဲ့ပစ်သတ်လိုက်မိ ပါတော့တယ်။ တရားရုံးက တရားစီရင်ချက်ချအပြီးမှာ သေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားရင်းနဲ့ မထင်မှတ်ပဲ လူးကပ်တစ်ခါမှမတွေ့ဖူးတဲ့အဘိုးကြီးတစ်ယောက်က ထောင်ဖောက်ပြီး လူးကပ်ကို လာကယ်သွားပါတယ်။ သူတို့ရဲ့ ပတ်သတ်မှုက ဘယ်လိုလဲ။ ထွက်ပြေးရာလမ်းတစ်လျှောက်မှာ ဘယ်လိုအခက် အခဲတွေကြုံတွေ့ရမလဲ ဆိုတာကို ကောင်းဘွိုင်ကားတို့ ထုံးစံ အက်ရှင်ခန်းအပြည့်နဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ File size… (1.62 GB) / (992 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 19m Genre …..Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

ဇာတ်လမ်းအကြောင်း