ဇာတ်ကားများ ရွေးရန်

The War of Loong

2017ဇာတ်ကားအမှတ် 6.5/10112 မိနစ်

IMDb 6.5 ရရှိထားတဲ့ဒီဇာတ်ကားလေးကတော့ ၁၈၈၅ခုနှစ်..... ချင်မင်းဆက်လက်ထက် ချင်စစ်တပ်နှင့်ပြင်သစ်စစ်တပ်တို့ရဲ့ စစ်ပွဲအကြောင်းကိုရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ၁၈၈၅ ခုနှစ်မှာ ပြင်သစ်တပ်ဖွဲ့ကတရုတ်ပြည်ကိုကျူးကျော်ပြီး ဂွမ်ရှီးပြည်နယ်မှာရှိတဲ့ ကျန့်နန်ကွမ်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်..... တိုင်းပြည်ချစ်တဲ့မျိုးချစ်စိတ်အပြည့်ရှိတဲ့ တပ်မှူးကြီးဖုန်ကျီချိုင်ဟာ သူ့ရဲ့သားနှစ်ဦးနှင့်အတူအမိမြေကာကွယ်ဖို့ရန်အတွက် စစ်တပ်ထဲသို့ဝင်ရောက်လာခဲ့ပါတယ် စစ်လက်နက်ပစ္စည်း အစစအရာရာ သာလွန်တဲ့ ပြင်သစ်တပ်ကြီးကိုပြန်လည်တိုက်ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဖူး သို့သော်တပ်မှူးကြီးဖုန်ကျီချိုင်က သူ့ရဲ့နိုင်ငံ့ချစ်စိတ်ကို ပြသဖို့ရန် ပြတ်သားတဲ့ဆုံးဖြတ်ချက်နှင့်အတူ သူ့အခေါင်းကိုပါသူ့နှင့်အတူ စစ်ပွဲထဲကိုယူဆောင်လာခဲ့ပါတယ် ဒီဇာတ်ကားလေးကဆိုရင်လက်နက်အင်အားလူအင်အားလုံးဝကွာခြားလွန်းလှတဲ့ ပြင်သစ်စစ်တပ်ကို တော်လှန်တိုက်ထုတ်နိုင်ခဲ့တဲ့ ချင်လူမျိုးတို့ရဲ့ ရဲရင့်သောစိတ် မျိုးချစ်စိတ်ဓာတ်တို့ကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင် ရိုက်ကူးဖော်ကျူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ကြပါလို့တိုက်တွန်းရင်း နိဂုံချုပ်အပ်ပါရစေ.. Translated & Review By Xiao Encoded By LK

ဇာတ်လမ်းအကြောင်း