The Dark Tower
စွမ်းရည်ချင်း မတူညီတဲ့ ကမ္ဘာများစွာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာအားလုံးကို ထိန်းထားပေးတဲ့ ထောက်တိုင်ကြီးတစ်ခု ရှိပါတယ်။ အဲဒီထောက်တိုင် မရှိတော့ရင် ကမ္ဘာတွေဟာ အမှောင်ကျပြီး မီးလောင်ပျက်စီးကုန်မှာပါ။ ဝေါ်တာဆိုတဲ့ မကောင်းဆိုးဝါးနဲ့ အရေခွံခြုံသူတွေကတော့ ထောက်တိုင်ကို ဖျက်ဆီးဖို့ ကြံစည်နေကြတယ်။ စိတ်ထားသန့်စင်တဲ့ ကလေးတွေကို ဖမ်းဆီးပြီး သူတို့ဆီက စိတ်စွမ်းအင်ကို ထုတ်ယူကာ ထောက်တိုင် တဖြည်းဖြည်း အားနည်းလာအောင် တိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာ စိတ်စွမ်းအင် အလွန်မြင့်တဲ့ ဂျိတ်ချန်ဘာကို အရေခွံခြုံသူတွေ ရှာတွေ့သွားတယ်။ သူတို့ ဖမ်းဖို့ရောက်လာချိန်မှာ ကြိုတင်အကြားအမြင်ရထားတဲ့ ဂျိတ်က ထွက်ပြေးပြီး ထောက်တိုင်ကို ကာကွယ်သူ သေနတ်သမားကို လိုက်ရှာပါတယ်။ အဲဒီသေနတ်သမား ရိုလန်ကလည်း သူ့အဖေကို သတ်သွားတဲ့ ဝေါ်တာကို လက်စားချေဖို့ လိုက်ရှာနေတာပါ။ ဂျိတ်နဲ့ တွေ့ဆုံပြီးနောက် ရိုလန်ဟာ ဝေါ်တာကို ရှာဖို့ ဂျိတ်ရဲ့ စိတ်စွမ်းအင်အကူအညီကို ယူလိုက်တယ်။ ဝေါ်တာ ကြောက်ရတဲ့ နောက်ဆုံးမျိုးဆက် သေနတ်သမားနဲ့ ဝေါ်တာကိုယ်တိုင် ဖမ်းချင်နေတဲ့ ကလေးတို့ဟာ ဒီလိုနဲ့ အတူပူးပေါင်းမိကြပါတယ်။ Stephen King ရဲ့ ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် အက်ရှင်စွန့်စားခန်းရုပ်ရှင်ဖြစ်ကာ ကြာချိန် တစ်နာရီခွဲကျော် ရှိပါတယ်။
ဇာတ်လမ်းအကြောင်း