Troll
နော်ဝေးမှာ တောင်တွေထဲ ရထားလမ်းဖောက်ဖို့ ဥမင်တူးနေကြရင်း ဘီလူးကြီးတစ်ကောင် နိုးထလာပါတယ်။ လက်ရှိခေတ်မှာ ပေါ်လာတဲ့ ဒီဘီလူးကို ရင်ဆိုင်နိုင်ဖို့ သူ့နောက်ကြောင်းနဲ့ တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကို လေ့လာရှာဖွေကြရတာပါ။ နော်ဝေးပုံပြင်တွေထဲက ဘီလူးကို အခြေခံထားတဲ့ စိတ်ကူးယဉ် အက်ရှင်စွန့်စားခန်းရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီပုံပြင်တွေထဲမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားလာချိန် လူတွေနဲ့ ဘီလူးတွေ တိုက်ပွဲဖြစ်ပြီး ဘီလူးတွေ မျိုးတုံးသွားခဲ့တယ်လို့ ဆိုကြတယ်။ ဘီလူးတွေက ခရစ်ယာန်တွေကို မုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ ပစ်ပေါက်တယ်၊ နေရောင်ထိရင် ကျောက်ဖြစ်ပြီး သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းတွေလည်း ပါရှိပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဒဏ္ဍာရီထဲက ဘီလူးကြီးတစ်ကောင်နဲ့ လူတွေ လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို ပြထားတယ်။
ဇာတ်လမ်းအကြောင်း