ဇာတ်ကားများ ရွေးရန်

The Dancing Detective: A Deadly Tango

2023ဇာတ်ကားအမှတ် 6.8/1084 မိနစ်

မော်လ်တာမှာ ဆီနိတ်တာတစ်ယောက်ရဲ့ အစ်ကိုဖြစ်သူ လူချမ်းသာတစ်ဦး ရုတ်တရက် သေဆုံးသွားပါတယ်။ သဘာဝအတိုင်း သေဆုံးတာလား၊ အသတ်ခံရတာလား မသေချာတဲ့အတွက် ဆီနိတ်တာက အမေရိကန်ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းပြီး အတော်ဆုံးစုံထောက်ကို လွှတ်ပေးဖို့ တောင်းဆိုတယ်။ အဲဒီအမှုကို တာဝန်ယူရသူကတော့ အမှုလိုက်တော်ပေမဲ့ တွဲဖက်တွေနဲ့ မတည့်ဘဲ ကိုယ့်သဘောအတိုင်း လုပ်တတ်တဲ့ စုံထောက်မ ဘေလီပါ။ အရေးကြီးတဲ့အမှုဖြစ်လို့ အင်တာပိုလ်က စီစဉ်ပေးတဲ့ တွဲဖက်တွေနဲ့ အဆင်ပြေအောင် အလုပ်လုပ်ဖို့ နားချပြီး ဘေလီ့ကို စေလွှတ်လိုက်ကြတယ်။ မော်လ်တာရောက်တော့ သူ့တွဲဖက်က ရဲလည်းမဟုတ်၊ စုံထောက်လည်းမဟုတ်ဘဲ အကနည်းပြတစ်ယောက် ဖြစ်နေပါတယ်။ ပိုဆိုးတာက အကတစ်ခါမှ မကဖူးတဲ့ ဘေလီဟာ အကပြိုင်ပွဲဝင်တစ်ယောက်အဖြစ်နဲ့ အမှုကို စုံစမ်းရမှာပါ။ တွဲဖက်နဲ့ အဆင်ပြေအောင် လုပ်ရမယ့်အပြင် မကျွမ်းကျင်တဲ့ အကကိုပါ ရင်ဆိုင်ရတဲ့ ဘေလီတစ်ယောက် အမှုဖော်ထုတ်နိုင်ပါ့မလား။ ပေါ့ပေါ့ပါးပါး စုံထောက်ဟာသဇာတ်လမ်းနဲ့အတူ ဥရောပနိုင်ငံငယ် မော်လ်တာရဲ့ သဘာဝရှုခင်းတွေကိုလည်း တွေ့ရပါတယ်။

ဇာတ်လမ်းအကြောင်း