ဇာတ်ကားများ ရွေးရန်

Lamborghini: The Man Behind the Legend

2022ဇာတ်ကားအမှတ် 5.9/1097 မိနစ်

ဖရူချို လန်ဘိုဂီနီဟာ ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းရင်း စက်ပြင်ပညာ သင်ယူခဲ့သူပါ။ သူက မိရိုးဖလာ စိုက်ပျိုးရေးအလုပ်ကို ဆက်မလုပ်ချင်ဘဲ ထွန်စက်တွေ ထုတ်လုပ်ချင်နေခဲ့တယ်။ သူငယ်ချင်း မက်သယ်အိုနဲ့အတူ ကြိုးစားခဲ့ပြီး အခက်အခဲတွေကြားကနေ ၁၉၄၈ ခုနှစ်မှာ ထွန်စက်ထုတ်လုပ်တဲ့လုပ်ငန်းကို စတင်နိုင်ခဲ့ပါတယ်။ သူတို့ထုတ်လုပ်ခဲ့တဲ့ လန်ဘိုဂီနီထွန်စက်က တခြားထွန်စက်တွေထက် စွမ်းရည်နှစ်ဆသာပြီး ဈေးလည်း ပိုသက်သာပါတယ်။ ဒါပေမယ့် ပထမဆုံးထွန်စက်ပေါ်မှာ တပ်ဆင်မယ့် လန်ဘိုဂီနီတံဆိပ်ပြားလေး ရလာဖို့အထိ သူပေးဆပ်ခဲ့ရတာတွေက မနည်းပါဘူး။ ထွန်စက်တွေအပြင် လေအေးပေးစက်နဲ့ အပူပေးစက်တွေ ထုတ်လုပ်တဲ့လုပ်ငန်းမှာပါ ကျင်လည်လာရင်း ဖယ်ရာရီကားတွေကို တစ်စီးပြီးတစ်စီး ဝယ်စီးနိုင်တဲ့အထိ ဖြစ်လာခဲ့တယ်။ နောက်ပိုင်း လန်ဘိုဂီနီကားတွေ ပေါ်ပေါက်လာဖို့မှာတော့ ဖယ်ရာရီကားကုမ္ပဏီနဲ့ ပတ်သက်မှုတစ်ခု ရှိနေပါတယ်။ အဲဒီအကြောင်းကို ဆက်ပြထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်လမ်းပါ။ ဖရူချိုကို ၁၉၁၆ ခုနှစ် ဧပြီ ၂၈ ရက်မှာ မွေးဖွားခဲ့ပြီး ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း