ဇာတ်ကားများ ရွေးရန်

Edward Scissorhands

1990ဇာတ်ကားအမှတ် 7.7/10105 မိနစ်

Edward Scissorhands (1990) IMDb - 7.9/10 Rotten - 90% ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။ စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။ စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် သူအဲဒီမြို့ကပြန်သွားပြီး နောက်ပိုင်းမှာနှစ်တိုင်းနှင်းတွေကျနေလေရဲ့။နှင်းမှုန်လေးတွေကိုမြင်တိုင်း.....။ ( အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ d3mon ဖြစ်ပါတယ်။) File size…(903 MB) Quality…BluRay 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by d3mon

ဇာတ်လမ်းအကြောင်း