ဇာတ်ကားများ ရွေးရန်

The Mighty Macs

2011ဇာတ်ကားအမှတ် 5.2/10102 မိနစ်

The Mighty Macs (2009) IMDb - 6.6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ The Mighty Macs(2009) ကတော့ Spy Kidမင်းသမီး Carla Gugino နဲ့ Oscarဆုရှင် Ellen Burstyn မှသရုပ်ဆောင်ထားတဲ့ ​ဖြစ်ရပ်မှန် sport drama လေး​ဖြစ်ပါတယ်။ ကေသီရက်က အားကစားသမားဘဝကနေအနားယူပြီး NBAဒိုင် ယောကျာ်းဖြစ်သူကိုပဲ အားပေးနေရပါတယ်။ သူမက တနေ့မှာတော့ ကတ်သလစ်ကျောင်းလေးက အမျိုးသမီးဘတ်စကတ်ဘောအသင်းအတွက် နည်းပြနေရာလျှောက်လိုက်ပြီး အင်တာဗျူးအခေါ်ခံရရာကနေ ဇာတ်လမ်းလေးကစပါတယ်။ အသင်းသား​တွေဟာ ပစ္စည်းကိရိယာတောင်စုံစုံလင်လင်မရှိတဲ့အခြေအနေထဲမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရပြီး တခုထဲသောပိုင်ဆိုင်မှုဖြစ်တဲ့ မျှော်လင့်ချက်ပျောက်ဆုံးခါနီး အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာ Sister Sunday ဆိုတဲ့ စစ်စတာက လက်ထောက်အဖြစ်လုပ်ပြီး ကူညီပေးဖိုသဘောတူလိုက်ပါတယ်။ ဒီ့အပြင်မှ စီးပွားရေးယိုင်နဲ့ပြီး ကျောင်းကို သမိုင်းဝင်အမွေအနှစ်အဖြစ် ရောင်းရတော့မယ့်အခြေအနေမှာ ဘယ်လိုရင်ဆိုင်သွားမလဲ။ ကတ်သီရက်ရဲ့ တင်းကြပ်တဲ့ နည်းပြမှုအောက်မှာရော အသင်းသားတွေ တောင့်ခံနိုင်ပါ့မလား။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အမြင်ကျဥ်းသေးတဲ့ ခုနှစ်တွေကြားထဲ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။ ​ခြုံကြားက အသင်းငယ်လေးဘဝကနေ ဘုံဖျားထိရောက်အောင် အောင်မြင်သွားနိုင်မလား။ အသင်းနဲ့အတူ ကျောင်းကိုပါ အခက်အခဲကြားက ဆွဲတင်နိုင်မလားဆိုတာကိုတော့ အတူတူစောင့်မျှော်ကြည့်ရှူလိုက်ရအောင်...။ File Size - 1.96 GB/ 834 MB Quality - Web-Rip 1080p/ 720p Duration - 1:40:05 Format - mp4 Genre - Drama, Sport Subtitle - Myanmar Subtitle (Hard Sub) Translated by - Shiki Encoded by - Treasure Htet

ဇာတ်လမ်းအကြောင်း