ဇာတ်ကားများ ရွေးရန်

Slumberland

2022ဇာတ်ကားအမှတ် 7.4/10117 မိနစ်

နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူ နေလာခဲ့သူပါ။ အမေက ငယ်ငယ်ကတည်းက ဆုံးသွားခဲ့ပြီး တစ်နေ့မှာ အဖေပါ ဆုံးပါးသွားတော့ နီမိုတစ်ယောက်တည်း ကျန်ခဲ့တယ်။ အဖေမဆုံးခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်မှာနေတဲ့ ဦးလေးဆီ ပြောင်းနေခဲ့ရပေမဲ့ သူ့ဘဝမှာ အမြဲအတူရှိခဲ့တဲ့ အဖေ့ကို အိပ်မက်ထဲမှာ ပြန်တွေ့ချင်နေပါတယ်။ အဖေထားခဲ့တဲ့ ပစ္စည်းတွေထဲမှာ လျှို့ဝှက်မြေပုံတစ်ခုလည်း ရှိနေတယ်။ ဒီမြေပုံက အိပ်မောကျတိုင်းပြည်ထဲမှာရှိတဲ့ ပုလဲတွေဆီကို ညွှန်ပြထားတာပါ။ ပုလဲရသူက ဆုတစ်ခုတောင်းနိုင်ပြီး အိပ်မက်ကမ္ဘာထဲမှာ အဲဒီဆန္ဒ ပြည့်ဝနိုင်ပါတယ်။ နီမိုလည်း မြေပုံကိုယူပြီး အဖေ့သူငယ်ချင်းဖြစ်တဲ့ ဝရမ်းပြေးကြီး ဖလစ်ရဲ့အကူအညီနဲ့ ပုလဲရှာဖို့ ထွက်လာတော့တယ်။ Jason Momoa ပါဝင်ထားတဲ့ ဒီဇာတ်ကားမှာ နီမိုရဲ့ အိပ်မက်တစ်ခုကနေ နောက်တစ်ခုဆီ ကူးသွားတဲ့ခရီးတစ်လျှောက် စွန့်စားခန်းတွေနဲ့ အလွဲတွေ ကြုံရပါတယ်။

ဇာတ်လမ်းအကြောင်း