ဇာတ်ကားများ ရွေးရန်

The Devil's Chair

2025ဇာတ်ကား102 မိနစ်

The Devil's Chair (2025) "နတ်ဆိုးပလ္လင်" ဒီတစ်ခါတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ဟော်ရာနဲ့ဒရာမာ ပေါင်းစပ်ထားတဲ့ ဘ၀ရသစုံဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ နီလာဗန်သီဆိုတဲ့ အရမ်းစွမ်းတဲ့ စုန်းမတစ်ယောက်ရှိခဲ့ပါတယ်။ သူဟာ သူ့ရဲ့အစွမ်းတွေကိုစာအုပ်တစ်အုပ်ထဲမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီစာအုပ်ကနေ သူ့အစွမ်းကိုလိုချင်ကြတဲ့ အောက်လမ်းဆရာတွေ မကောင်းတဲ့၀ိညာဉ်တွေလည်း မနည်းလှပါဘူး။ နှစ်ပေါင်းများစွာကြာအောင် အဲဒီမ‌ကောင်းဆိုးဝါးတွေဟာ လူတွေကိုလှည့်စားပြီးဒုက္ခပေးနေခဲ့တာပါ။ ဒီဘက်ခေတ်မှာတော့ ဗစ်ခရမ်နဲ့ရူဒီရာဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ ‌ဗစ်ခရမ်ဟာ အလုပ်ကငွေတွေ အလွဲသုံးစားလုပ်ပြီး လောင်းကစားလုပ်လိုက်တာ အားလုံးရှုံးသွားပါတော့တယ်။ အဲဒီလိုနဲ့ အလုပ်ပြုတ်ပြီး ပိုက်ဆံလည်းမလျော်နိုင်ဘဲ အကျပ်ရိုက်နေတဲ့ ဗစ်ခရမ်တစ်ယောက် မကောင်းဆိုးဝါးတစ်ယောက်ရဲ့ညွှတ်ကွင်းထဲ ရောက်သွားပါတယ်။ မကောင်းဆိုးဝါးနှောင့်ယှက်ခံရပြီး အကြီးအကျယ်ဒုက္ခရောက်နေတဲ့ ဗစ်ခရမ်တို့ကို ကူညီပေးဖို့‌ ရောက်လာသူကတော့ ပယောဂဆရာကြီး မန်နော့ဂ်ျကူမာပါပဲ။ နောက်ဆုံးမှာ မကောင်းဆိုးဝါးကို အောင်နိုင်ပါ့မလား၊ ဘယ်လိုကြောက်စရာတွေ ‌ရင်ဆိုင်ရမလဲ၊ ဆရာကြီး မန်နော့ဂ်ျကရော ပြဿနာရဲ့အရင်းမြစ်ကိုရှာပြီး အပြီးသတ်ဖြေရှင်းပေးနိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ်။) File size…1.2 GB / 600 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cym ~ ToMo ~ Alex ~ Yunni

ဇာတ်လမ်းအကြောင်း