ဇာတ်ကားများ ရွေးရန်

Medieval

2022ဇာတ်ကားအမှတ် 7.1/10126 မိနစ်

၁၄ ရာစု ဘိုဟီးမီးယားနယ်မြေကို နောက်ခံထားပြီး စစ်သူရဲ ယန်ဇစ်ဇကာရဲ့ အစောပိုင်းစွန့်စားခန်းတစ်ခုကို ရိုက်ကူးထားပါတယ်။ ချားစ်ဘုရင် စတုတ္ထ နတ်ရွာစံပြီးနောက် နယ်မြေအတွင်းမှာ အုပ်စုတွေ ကွဲလာသလို ဘာသာရေးဘက်မှာလည်း ရောမက ပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်အောက်က ပုပ်ရဟန်းမင်းဆိုပြီး နှစ်ဖက်ကွဲနေတယ်။ သားတော် ဝင်ဆယ်ဆလက်စ်က နန်းတက်ရမှာဖြစ်ပေမဲ့ ရောမက ပုပ်ရဟန်းမင်းဆီမှာ နန်းတက်ပွဲခံဖို့ လိုနေပါတယ်။ ဒါကြောင့် ဘိုဟီးမီးယားကနေ ရောမအထိ ခရီးထွက်ရမယ်။ ဝင်ဆယ်ဆလက်စ်မှာတော့ ကြွေးမြီတွေများနေပြီး ခရီးအတွက် ရဲမက်စရိတ်နဲ့ စားစရိတ်ကိုတောင် ချေးငှားရမယ့် အခြေအနေပါ။ ငွေချေးနေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ထပ်မချေးတော့တဲ့အတွက် အကျပ်ရိုက်နေတယ်။ နောက်ဆုံးမှာ ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီးလောင်း လေဒီကတ်သရင်းကို ပြန်ပေးဆွဲပြီး ငွေတောင်းဖို့ ကြံစည်ပါတော့တယ်။ ဒီတာဝန်က ကြေးစားစစ်သည် ယန်ဇစ်ဇကာဆီ ရောက်လာတာပါ။ ကတ်သရင်းကို ပြန်ပေးဆွဲဖို့ ဇစ်ဇကာ အောင်မြင်နိုင်မလား၊ ဝင်ဆယ်ဆလက်စ်ရဲ့ အကြံကရော ထင်သလောက် လွယ်လွယ်ပြီးသွားမလား။ နောက်ကွယ်မှာ နိုင်ငံရေးနဲ့ ဘာသာရေးအရှုပ်အထွေးတွေ ရှိနေပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေကြား ဆက်ရင်ဆိုင်ကြရပါတယ်။

ဇာတ်လမ်းအကြောင်း