ဇာတ်ကားများ ရွေးရန်

The Accountant

2016ဇာတ်ကားအမှတ် 7.1/10128 မိနစ်4K

Ben Affleck ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်နဲ့ မှုခင်းဇာတ်ကားပါ။ အဓိကဇာတ်ကောင်ဟာ ငယ်စဉ်က အော်တစ်ဇင်ရှိလို့ အထူးကျွမ်းကျင်သူတစ်ဦးဆီမှာ ကုသမှုခံယူရင်း နေခဲ့ရပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ သင်္ချာဉာဏ်ထူးချွန်တဲ့ စာရင်းကိုင်တစ်ယောက် ဖြစ်လာတယ်။ သာမန်စာရင်းကိုင်တွေ တစ်နှစ်လောက်လုပ်ရမယ့် စာရင်းကို သူက တစ်ညတည်းနဲ့ လုပ်နိုင်သူပါ။ သူလုပ်ပေးနေတဲ့အလုပ်တွေက လူဆိုးဂိုဏ်းတွေရဲ့ ရှုပ်ထွေးနေတဲ့ ငွေစာရင်းတွေကို စစ်ဆေးပေးတာနဲ့ ငွေကြေးခဝါချပေးတာတွေ ဖြစ်ပါတယ်။ ဖုန်းထဲက အသံကိုပဲ ကြားရတဲ့ လျှို့ဝှက်မိန်းကလေးတစ်ယောက်ကလည်း သူ့ကို ကူညီပေးနေတယ်။ လူဆိုးဂိုဏ်းတွေကြားမှာ အလုပ်လုပ်ပေမယ့် သူဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားနိုင်သလို တိုက်ခိုက်ရေးနဲ့ လက်နက်မျိုးစုံ အသုံးပြုရာမှာလည်း ကျွမ်းကျင်ပါတယ်။ တစ်ခါမှာတော့ သူဖော်ထုတ်လိုက်တဲ့ ငွေကြေးမသမာမှုတစ်ခုထဲ အပြစ်မဲ့မိန်းကလေးတစ်ယောက် ပါဝင်ပတ်သက်နေပါတယ်။ အဲဒီမိန်းကလေးကို ကြေးစားတွေက နှုတ်ပိတ်ဖို့ လိုက်လာကြတဲ့အခါ သူက ကယ်တင်ပေးရင်း ကိုယ်ဖော်ထုတ်မိတဲ့ကိစ္စကို အဆုံးအထိ လိုက်ရှင်းဖို့ ကြိုးစားရပါတော့တယ်။

ဇာတ်လမ်းအကြောင်း