Gangster Gangaraju
ဒယ်ဗာလန်ကာဆိုတဲ့ မြို့လေးကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါဆိုတဲ့ ဂန်းစတားနှစ်ယောက်က အုပ်စိုးထားပါတယ်။ သူတို့ရဲ့ဆရာကြီးဖြစ်တဲ့ ဥပဒေအရာရှိ ဆီဗာရက်ဒီ ကွယ်လွန်သွားပြီးနောက် နှစ်ယောက်စလုံးက နိုင်ငံရေးအာဏာရဖို့ အပြိုင်ကြိုးစားလာကြတယ်။ မြို့ခံတွေက သူတို့ကို မုန်းလည်းမုန်း၊ ကြောက်လည်းကြောက်ကြပေမယ့် ဘယ်သူမှ ပြန်မလှန်ရဲကြဘူး။ ဂန်ဂါရာဂျူးကတော့ အဲဒီမြို့မှာ သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေလုပ်ရင်း နေတတ်တဲ့ လူငယ်တစ်ယောက်ပါ။ ဥမာဒေဝီဆိုတဲ့ ရဲမေလေး ရောက်လာတဲ့အခါ သူငယ်ချင်းတွေရဲ့အကူအညီနဲ့ သူက လိုက်ပိုးပါတော့တယ်။ တစ်နေ့မှာတော့ သူ့အဖေကို စော်ကားတဲ့ ဆစ်ဟပ်ပါရဲ့လူတွေကို ဂန်ဂါရာဂျူးက ရိုက်နှက်လိုက်တယ်။ အဲဒီကနေ ဂန်းစတားတွေလက်အောက်မှာ ဖိနှိပ်ခံနေရတဲ့ မြို့ခံတွေက အုံကြွလာပြီး သူ့ကို ဂန်းစတားတွေထက်တောင် အစွမ်းရှိသူလို့ ထင်ကာ ထောက်ခံမြှောက်စားကြပါတော့တယ်။ မြို့ခံတွေသာမက ချစ်သူရဲမေလေးကပါ သူ့ကို ဆရာ့ဆရာကြီးလို့ ထင်နေချိန်မှာ ဂန်ဂါရာဂျူးဟာ ဂန်းစတားနှစ်ဖွဲ့ရဲ့ အာဏာလုပွဲကြားကို ရောက်သွားပါတယ်။ ဒီအခြေအနေကို သူဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့အတူ သူငယ်ချင်းတွေရဲ့ ကူညီပံ့ပိုးမှုတွေကို ဟာသရောပြီး ပြထားတယ်။ တစ်ဖက်မှာလည်း အာဏာရှင်တွေလက်အောက်က မြို့ခံတွေရဲ့ဘဝနဲ့ သူတို့ကြုံရတဲ့ ရက်စက်မှုတွေကို ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း