ဇာတ်ကားများ ရွေးရန်

The Comic Shop

2025ဇာတ်ကားအမှတ် 6.0/1094 မိနစ်

The Comic Shop (2025) ဒီဇာတ်ကားကတာ့ မကြာခင်ကမှထွက်ရှိထားပြီး IMDb 5.4/10ရရှိထားပါတယ်။ Drama, Comedy အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ဇာတ်ကားမျိုးလေးပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ Las Vagasမြို့မှာ comicဆိုင်သေးသေးလေးဖွင့်ထားတဲ့မိုက်ခ်ဟာ အငယ်ကတည်းကပုံဆွဲဆရာဖြစ်ချင်ခဲ့‌ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ သူ့ဘဝကိုဒီလိုပဲ နေသွားတာ့မယ်လို့ဆုံးဖြတ်ပြီးမှ တစ်နေ့မှာ သူ့ဆိုင်ထဲကိုဝင်လာတဲ့ ဘရန်ဒန်ဆိုတဲ့ဝါသနာတူလူငယ်လေးတစ်ယောက်ကြာင့် အရင်ကဝါသနာကိုပြန်ပြီး စိတ်အားထက်သန်လာပါတော့တယ်။ ဒါပေမဲ့ ဘယ်အရာကမှလွယ်လွယ်ကူကူမရလေတော့ အခြေကျနေပြီးသား အလုပ်ကနေ တခြားအလုပ်ကို ပြောင်းဖို့ကထင်သလောက်မလွယ်ခဲ့ပါဘူး။ ထို့အတူ ဘရန်ဒန်မှာလဲ သူ့အဖေက သူ့ရဲ့ဝါသနာကိုဘာအဓိပ္ပါယ်မှမရှိဘူးဆိုပြီး အမြဲတားမြစ်နေသူပါ။ ဒီလိုနဲ့ သူတို့ဟာတစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီရင်းနဲ့ပဲ သူတို့ရဲ့ရည်မှန်းချက်အိပ်မက်တွေပြည့်ဝနိုင်သွားမလားဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…    1.6 GB /  784 MB Quality… Webrip 1080p / 720p Format… mp4 Audio... AAC Duration…. 1h 34m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Mastero

ဇာတ်လမ်းအကြောင်း