ဇာတ်ကားများ ရွေးရန်

Samaritan

2022ဇာတ်ကားအမှတ် 6.8/10102 မိနစ်

ဂရန်နိုက်မြို့မှာ တစ်ချိန်က အင်အားအလွန်ကြီးတဲ့ အမွှာညီအစ်ကိုနှစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူတို့ရဲ့အားကြောင့် မြို့ခံတွေ ထိခိုက်ရတာမျိုးရှိခဲ့တော့ လူတွေက ညီအစ်ကိုနှစ်ယောက်ကို ကြောက်လာကြတယ်။ နောက်ဆုံး သူတို့အိပ်နေချိန်မှာ အိမ်ကို မီးတင်ရှို့လိုက်ကြလို့ မိဘနှစ်ပါး သေဆုံးသွားပေမယ့် ညီအစ်ကိုနှစ်ယောက်ကတော့ ဒဏ်ရာတောင်မရဘဲ လွတ်လာခဲ့ပါတယ်။ အဲဒီနောက် အစ်ကိုက ဆမယ်ရီတန်ဆိုတဲ့ နာမည်နဲ့ လူတွေကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်လာတယ်။ ညီဖြစ်သူကတော့ နဲမီးစစ်ဆိုတဲ့ နာမည်နဲ့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားလာပါတယ်။ လမ်းကွဲသွားတဲ့ ညီအစ်ကိုနှစ်ယောက် အကြီးအကျယ် တိုက်ခိုက်ကြပြီးနောက် နှစ်ယောက်လုံး ပျောက်ဆုံးသွားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာလာချိန်မှာတော့ ဒီစွမ်းအားရှင်နှစ်ယောက်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ပြန်ပေါ်လာပါတယ်။ စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စူပါဟီးရိုးအက်ရှင်ဇာတ်ကားဖြစ်ပြီး ဒရာမာနဲ့ စိတ်ကူးယဉ်အကြောင်းအရာတွေလည်း ရောစပ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း