Blaze
အသက် ၁၂ နှစ်အရွယ် ဘလေ့ဇ်ဟာ ကျောင်းကအပြန် လမ်းကြားတစ်ခုမှာ ဟန်နာဆိုတဲ့ အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့်သတ်ဖြတ်ခံရတာကို မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ပြန်ရောက်တော့ အဖေဖြစ်သူ လုခ်ကို ပြောပြပြီး ရဲဆီ ဖုန်းဆက်အကြောင်းကြားလိုက်ကြတယ်။ ဘလေ့ဇ်ပြောတဲ့နေရာကို ရဲတွေ သွားကြည့်တဲ့အခါ ဟန်နာရဲ့ရုပ်အလောင်းကို တွေ့ခဲ့ပါတယ်။ ကျူးလွန်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်ပြီး ရှေ့နေကောင်းတွေ ငှားကာ တရားရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်။ သူ့ရှေ့နေဘက်က ဘလေ့ဇ်မှာ စိတ်မတည်ငြိမ်တဲ့ ရောဂါအခြေအနေရှိတယ်ဆိုပြီး ကလေးမလေးရဲ့ ထွက်ဆိုချက်ကို ချေပလာတဲ့အတွက် ဂျိတ်ဟာ အပြစ်ဒဏ်ကနေ လွတ်နေဆဲပါ။ ဘလေ့ဇ်ကတော့ စိတ်ကုထုံးတွေ ခံယူရင်း ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ဖို့ ခွန်အားယူလာတယ်။ သူ့ရဲ့စိတ်ကူးယဉ်အတွေးတွေနဲ့အတူ ဒီမှုခင်းကို ဘယ်လိုရင်ဆိုင်မလဲ၊ ဂျိတ်ကို ဖမ်းဆီးနိုင်ဖို့ ဘယ်လိုဆက်ကြိုးစားမလဲဆိုတာ ဇာတ်လမ်းက ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း