ဇာတ်ကားများ ရွေးရန်

Escape

2024ဇာတ်ကားအမှတ် 5.2/10126 မိနစ်

Escape (2024) IMDb Rating (5.7) ဒီ စပိန်ကားပြောဇာတ်ကားဟာ လူ့အသိုင်းအဝိုင်းရဲ့ ရတာမလို လိုတာမရတာတွေ၊ ရုပ်ရှင်ထဲမှာ သုံးသွားတဲ့ စကားလုံးအရဆိုရင် Paradox ဝိရောဓိအယူအဆကို တင်ပြသွားတဲ့ စိတ်ပညာ ဇာတ်ကားတစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ ယာဉ်တိုက်မှုတစ်ခုအတွင်းမှာ ကိုယ်ဝန်သည်ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ အန်နေး (Mario Casas) ဟာ စိတ်ထောင်းကိုယ်ကြေဖြစ်နေပြီး ထောင်ကျခံချင်နေတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ ထောင်ကျချင်လွန်းလို့ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ လူတွေကို လိုက်နှောက်ယှက်တယ်၊ နောက်ဆုံးထောင်ထဲအထိဖောက်ဝင်ခဲ့ပါတယ်။ ပြစ်မှုတွေကြောင့် ထောင်ကျပြန်တော့လည်း ထောင်သက်ရှည်အောင် ထောင်ဖောက်ပြေးပြန်ပါတယ်။ တစ်ချက်တစ်ချက် ထဖောက်တဲ့ ဟာသတွေကလည်း အပန်းပြေစေပါလိမ့်မယ်။ သူ့ရဲ့အမေ၊ ညီမတို့ကတောင် အော့ကြောလန်ရတဲ့၊ လူ့အဖွဲ့အစည်းကို အမျိုးမျိုး နှောက်ယှက်နေတဲ့ အန်နေးတစ်ယောက် ဘယ်လိုအဆုံးသတ်ရမလဲ (သနားရမလား၊ စက်ဆုပ်ရွံရှာရမလား) ဆိုတာကိုတော့ ရှုစားကြည့်ကြပါ။ အန်နေးအဖြစ် သရုပ်ဆောင်တဲ့ Mario Casas ကို Bird box: Barcelona မှာ မြင်ဖူးပါလိမ့်မယ်။ သူနဲ့အတူ အခြားသရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ Anna Castilo, Juanjo Puigcorbé, José Garcia စသူတွေလည်းပါဝင်ပါတယ်။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Rodrigo Cortés ဖြစ်ပါတယ်။ ဒါရိုက်တာဆု အပါအဝင် ဆု ၂ခု ဆွတ်ခူးထားပြီး ဇာတ်ဆောင်၊ ဇာတ်ပို့၊ ရုပ်သံဆုတွေအတွက် Nomination ၇ခု ဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thompson ဖြစ်ပါတယ်။) File size…(2.1 GB) / (900 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:09:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thompson

ဇာတ်လမ်းအကြောင်း