ဇာတ်ကားများ ရွေးရန်

Sheep Without a Shepherd

2019ဇာတ်ကားအမှတ် 7.8/10112 မိနစ်

လီဝေကျယ်ဟာ ရုပ်ရှင်ဝါသနာကြီးတဲ့ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ဖိန်ဖိန်ဆိုတဲ့ ဆယ်ကျော်သက်သမီး ရှိပါတယ်။ သားအဖနှစ်ယောက်က အိမ်မှာ သိပ်မတည့်ကြဘူး။ ဖိန်ဖိန် နွေရာသီစခန်းသွားတဲ့အခါ ကြုံရတဲ့အဖြစ်အပျက်ကတော့ သူတို့မိသားစုဘဝကို လုံးဝပြောင်းလဲသွားစေပါတယ်။ စခန်းမှာ ဖိန်ဖိန်ကို ကျူးလွန်စော်ကားသူက ရဲမှူးကြီးရဲ့သား ဖြစ်နေတယ်။ အဲဒီကစတဲ့ ပြဿနာတွေဟာ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်ရတဲ့အထိ ကြီးထွားလာပြီး သာမန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား အားပြိုင်မှုတွေ၊ ဉာဏ်ချင်းယှဉ်ရမှုတွေ ဖြစ်လာပါတယ်။ Drshym ကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီမှုခင်းဇာတ်ကားမှာ သိုးနဲ့ပတ်သက်တဲ့ စကားနှစ်ခွန်းလည်း ပါဝင်တယ်။ မျက်စိမှုန်တဲ့သိုးတွေဟာ အကောင်ကြီးတွေရဲ့ စားသောက်ခြင်းကို ခံရတတ်ကြောင်းနဲ့ စားစရာပေးထားရင် သိုးမွှေးရိတ်ခံရတာကိုတောင် သိုးတွေက ဂရုမစိုက်ကြောင်း ပြောထားတာပါ။ အန္တရာယ်ကို ကြိုမမြင်နိုင်တဲ့ သိုးတွေအတွက် စောင့်ရှောက်ပေးမယ့် သိုးထိန်းကောင်းတစ်ယောက် လိုအပ်တယ်ဆိုတဲ့ သဘောနဲ့ ရုပ်ရှင်ခေါင်းစဉ်ကို ချိတ်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း