HIT: The First Case
ဗစ်ကရမ်ဟာ အမှုတွေကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်တဲ့ ထက်မြက်သူ အရာရှိတစ်ယောက်ပါ။ ဒါပေမယ့် အတိတ်က ဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမား ခံစားနေရတယ်။ တစ်နေ့မှာ ပရီတီးဆိုတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက် အဝေးပြေးလမ်းမပေါ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး အဲဒီအမှုကိုလည်း မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အမှုက တဖြည်းဖြည်း ငြိမ်သက်သွားတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားပါ ထပ်ပျောက်သွားပါတယ်။ ဗစ်ကရမ်လည်း အခက်အခဲတွေကြားကနေ စုံစမ်းရင်း နေဟားဟာ ပရီတီးပျောက်ဆုံးမှုကို လိုက်နေတုန်း ပျောက်သွားခဲ့တာဖြစ်ကြောင်း သိလာရတယ်။ ဒီပျောက်ဆုံးမှုနှစ်ခု ဆက်စပ်နေသလား၊ မိန်းကလေးတွေကို ပြန်ရှာတွေ့နိုင်မလား၊ နောက်ကွယ်က တရားခံက ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဗစ်ကရမ်ကို စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာပါ သိရဖို့ ရှိနေပါတယ်။ ရာဂျ်ကူမားရောင်းနဲ့ ဆာနီယားမလိုသရားတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း