The Matchmaker
တာရစ်ခ်ဟာ အိုင်တီအလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပြီး ဇနီးနဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးကို စိတ်ကုန်နေပြီး အချစ်ခံရတဲ့ခံစားချက်ကို ပြန်လိုချင်နေသူပါ။ ရုံးကို ဝန်ထမ်းအသစ် ဆယ်လ်မာ ရောက်လာတဲ့အခါ သူ့ကို စွဲလမ်းမိသွားတယ်။ ဆယ်လ်မာ ရုတ်တရက် အလုပ်ထွက်သွားတယ်လို့ ကြားရတော့ ဘာကြောင့်ထွက်သွားတာလဲဆိုတာ လိုက်စုံစမ်းရင်း ကန္တာရထဲက အပန်းဖြေစခန်းတစ်ခုအထိ လိုက်ရှာဖို့ ဖြစ်လာပါတယ်။ အဲဒီနေရာနဲ့ပတ်သက်ပြီး ဒေသခံတွေကြားမှာ ပြောစမှတ်တစ်ခု ရှိတယ်။ ဖောက်ပြန်တဲ့ယောက်ျားတွေ၊ ဇနီးသည်အပေါ် ဆိုးသွမ်းတဲ့ယောက်ျားတွေကို အပြစ်ပေးခဲ့ဖူးတဲ့နေရာဆိုတဲ့ ဒဏ္ဍာရီပါ။ တာရစ်ခ်လည်း အဲဒီမှာ ကျောချမ်းစရာအဖြစ်တွေ၊ ထူးဆန်းမှုတွေ ဆက်တိုက်ကြုံလာရပြီး အိပ်မက်နဲ့ တကယ့်အဖြစ်ကိုတောင် မခွဲနိုင်တော့တဲ့အထိ ထိန်းချုပ်ခံလာရတယ်။ ရုန်းလေလေ ပိုနစ်လေလေဖြစ်နေတဲ့ အခြေအနေကနေ သူလွတ်နိုင်ပါ့မလား။ ရှာနေတဲ့ ဆယ်လ်မာကိုရော တွေ့နိုင်ဦးမလား၊ ဒီနေရာနောက်ကွယ်မှာ ဘာတွေရှိနေမလဲ။
ဇာတ်လမ်းအကြောင်း