ဇာတ်ကားများ ရွေးရန်

Sniper: Rogue Mission

2022ဇာတ်ကားအမှတ် 6.6/1096 မိနစ်

အထက်အရာရှိတစ်ယောက်က လူကုန်ကူးသူနဲ့ ပူးပေါင်းပြီး အကျင့်ပျက်ခြစားနေတာကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အထူးအေးဂျင့်တွေဟာ တာဝန်ကနေ ဆိုင်းငံ့ခံလိုက်ရပါတယ်။ အထက်လူကြီးတွေရဲ့ ထောက်ခံမှုမရတော့ပေမယ့် သူတို့က ဒီကိစ္စကို လက်လျှော့ဖို့ စိတ်ကူးမရှိကြဘူး။ မှန်တာကို ဖော်ထုတ်ဖို့အတွက် သူတို့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး ဆက်လှုပ်ရှားကြပါတယ်။ အဓိကဇာတ်ကောင် စနိုက်ပါသမားကိုတော့ ရုပ်ရှင်ထဲက စကားအရ ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ညွှန်းထားတယ်။ ဂျပန်မင်းသမီးတစ်ယောက်ကလည်း လုပ်ကြံရေးသမားအဖြစ် ပါဝင်ထားပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကြားမှာ အက်ရှင်ခန်းတွေနဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း