ဇာတ်ကားများ ရွေးရန်

Sherdil: The Pilibhit Saga

2022ဇာတ်ကားအမှတ် 5.5/10121 မိနစ်

ဝေးလံခေါင်သီတဲ့ ဂျန်ဒိုရွာလေးမှာ လျှပ်စစ်မီး၊ ဆေးရုံ၊ စာသင်ကျောင်း ဘာမှမရှိပါဘူး။ တောနဲ့နီးလို့ တောရိုင်းတိရစ္ဆာန်တွေ မကြာခဏ ဝင်လာပြီး ရွာသားတွေရဲ့ စိုက်ခင်းတွေကို ဖျက်ဆီးတတ်သေးတယ်။ အဲဒီရွာရဲ့သူကြီး ဂန်ဂါရာမ်က ရိုးသားတဲ့ တောသားတစ်ယောက်ဖြစ်ပြီး ရွာအရေးဆို ရှေ့ကနေ ဦးဆောင်လုပ်ပေးသူပါ။ ဒီဇာတ်ကောင်အဖြစ် ပန်ကခ်ျထရီပတီက သရုပ်ဆောင်ထားပါတယ်။ တောကောင်တွေကြောင့် ဒုက္ခရောက်နေရတာကို ဂန်ဂါရာမ်က အစိုးရရုံးတွေဆီ သွားတိုင်ပေမယ့် ဟိုဌာနက စာရွက်တစ်မျိုး၊ ဒီဌာနက စာရွက်တစ်မျိုး တောင်းကြပြီး ဟိုလွှတ်ဒီလွှတ်နဲ့ပဲ ကြုံရတယ်။ အဲဒီလို သွားလာနေရင်း ရုံးတစ်ရုံးမှာ ကပ်ထားတဲ့ ကြေညာစာကို သူ တွေ့သွားပါတယ်။ တောကောင်ကိုက်ခံရသူအတွက် အစိုးရက ရူပီ ၁၀ သိန်း နစ်နာကြေးပေးမယ်ဆိုတဲ့ စာပါ။ ဂန်ဂါရာမ်က အဲဒီငွေနဲ့ ရွာသားတွေရဲ့အခက်အခဲကို ဖြေရှင်းပေးဖို့ စိတ်ကူးလိုက်တယ်။ နစ်နာကြေးရဖို့အတွက် သူကိုယ်တိုင် တောကောင်ရဲ့အစားခံမယ်ဆိုပြီး တောထဲကို ထွက်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း