DARLINGS
ဘဒရူဟာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးနောက်မှာတော့ ခင်ပွန်းရဲ့ အကြမ်းဖက်မှုကို ခံနေရပါတယ်။ သူ့ခင်ပွန်းက အရက်မူးလာရင် အကြောင်းရှာပြီး ရိုက်နှက်တတ်တယ်။ အမူးပြေသွားပြီဆိုရင်တော့ ချစ်စနိုးစကားတွေပြောပြီး ပြန်ချော့တတ်ပြန်ပါတယ်။ ဘဒရူက ဒါဟာ ခင်ပွန်းရဲ့အပြစ်မဟုတ်ဘဲ အရက်ကြောင့်လို့ ယူဆထားတယ်။ အရက်ဖြတ်လိုက်ရင် အဆင်ပြေသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံနေပြီး ကိုယ်ချစ်တဲ့သူ ကောင်းလာအောင် ကြိုးစားနေပါတယ်။ သူ့ရဲ့ဒီကြိုးစားမှုတွေကနေ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို အာလီယားဘတ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအိန္ဒိယဇာတ်ကားမှာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း