Dejavu
တစ်ညမှာ စာရေးဆရာတစ်ယောက် ရဲစခန်းကို ရောက်လာပြီး သူ့ကို ရဲစောင့်ပေးဖို့ တောင်းဆိုပါတယ်။ သူပြောတာက သူ့ဇာတ်လမ်းထဲက ဇာတ်ကောင်တွေက ဖုန်းဆက်ပြီး ခြိမ်းခြောက်နေကြလို့တဲ့။ ဒါပေမယ့် သူက အရက်မူးနေတော့ ရဲတွေက မူးပြီး ရစ်နေတယ်လို့ပဲ ယူဆပြီး ပြန်လွှတ်လိုက်ကြတယ်။ အဲဒီညမှာပဲ မိန်းကလေးတစ်ယောက် ပျောက်ဆုံးသွားပါတယ်။ မပျောက်ခင် သူက ရဲထိန်းချုပ်ခန်းကို ဖုန်းဆက်ပြီး အဲဒီစာရေးဆရာရဲ့နာမည်ကို ပြောသွားခဲ့တယ်။ နောက်မနက် စာရေးဆရာအိမ်ကို သွားစုံစမ်းကြတဲ့အခါ သူရေးလက်စ ဇာတ်လမ်းဟာ အပြင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာနဲ့ တစ်ထပ်တည်း တူနေတာကို တွေ့လိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း