My True Friends The Begining
မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက် ဂန်းဟာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုအောက်မှာ နေရင်း ညီငယ်တွေကို စောင့်ရှောက်နေပါတယ်။ ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်သူတွေနဲ့ မကြာခဏ ရန်ဖြစ်ရာက နောက်ဆုံး ကျောင်းထုတ်ခံလိုက်ရတယ်။ ဒါကြောင့် စာသင်နှစ်တစ်ဝက်မှာပဲ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းကို ပြောင်းလာခဲ့ရပါတယ်။ ပတ်ဝန်းကျင်အသစ်မှာလည်း ဂန်းက သူငယ်ချင်းမရှိပါဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောပြီး ထောင့်မကျိုးတတ်တဲ့ သူ့ကို အပေါင်းအသင်းလုပ်ချင်သူလည်း နည်းတယ်။ ဒါပေမယ့် အတန်းခေါင်းဆောင် ပင့်ဆိုတဲ့ ကောင်မလေးနဲ့တော့ နောက်ဆုံးမှာ သူငယ်ချင်း ဖြစ်လာခဲ့ပါတယ်။ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေကတော့ ဂန်းကို ကြည့်မရလို့ တွေ့တဲ့နေရာတိုင်းမှာ ရန်စနေကြတယ်။ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုမှာတော့ အဲဒီမတည့်သူတွေကပဲ ဂန်းနဲ့ ရင်းနှီးသွားကြပါတယ်။ ရန်သူများတဲ့ ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူတို့နဲ့အတူ ဘယ်လိုဆိုးကြဦးမလဲ၊ ဘယ်လိုကိစ္စတွေ ဆက်ကြုံရမလဲဆိုတာကို သူတို့ရဲ့ ခင်မင်မှုစတင်ရာကနေ ပြထားတဲ့ ထိုင်းအက်ရှင်ဒရာမာပါ။ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း