ဇာတ်ကားများ ရွေးရန်

Yaanai

2022ဇာတ်ကားအမှတ် 7.7/10156 မိနစ်

လွန်ခဲ့တဲ့ ခုနစ်နှစ်က ဖြစ်ခဲ့တဲ့အမှုတစ်ခုကြောင့် သားတွေကို ဆုံးရှုံးခဲ့ရတဲ့ Samudharam မိသားစုနဲ့ အဲဒီသေဆုံးမှုမှာ တာဝန်ရှိနေတဲ့ PRV မိသားစုတို့ကြား ရန်ငြိုးရှိနေပါတယ်။ နှစ်ဖက်စလုံးက ငွေကြေးချမ်းသာပြီး နာမည်ရှိတဲ့ မိသားစုတွေဖြစ်တာကြောင့် သူတို့ရဲ့ပဋိပက္ခနဲ့အတူ ရွာလည်း နှစ်ခြမ်းကွဲနေခဲ့တယ်။ Arun Vijay သရုပ်ဆောင်ထားတဲ့ ရာဗီးက PRV မိသားစုရဲ့ အငယ်ဆုံးသားပါ။ ဖအေတူ မအေကွဲ အစ်ကိုတွေနဲ့ စရိုက်ချင်းကွာပြီး ကြင်နာတတ်တာကြောင့် လူချစ်လူခင်များတယ်။ တစ်ဖက်မိသားစုရဲ့ သားသေဆုံးမှုအတွက် တာဝန်ရှိတယ်လို့ ခံယူထားသူကလည်း သူတစ်ယောက်တည်းပါ။ အငယ်ဆုံးဖြစ်ပေမယ့် မိသားစုတစ်ခုလုံးကို ဆင်တစ်ကောင်လို ထမ်းပိုးကာကွယ်ပေးမယ်ဆိုတဲ့ ဇာတာကြောင့် ဖခင်က ရာဗီးကို အားကိုးထားပါတယ်။ နှစ်ဖက်မိသားစုကြားက ပဋိပက္ခတွေမှာ သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့အတူ ဆက်ပြထားပြီး အချစ်ဇာတ်လမ်းလည်း ပါဝင်ပါတယ်။ ဗီလိန်နေရာမှာတော့ KGF ထဲက ဗီလိန်သရုပ်ဆောင် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း