ဇာတ်ကားများ ရွေးရန်

Battery

2022ဇာတ်ကားအမှတ် 7.0/10120 မိနစ်4K

မီးလောင်ထားတဲ့ လူသေလောင်းတစ်လောင်း တွေ့ရှိမှုကို စုံစမ်းဖို့ ရဲအရာရှိ ပူဂေ့က ချန်နိုင်းရဲစခန်းကို တွဲဖက်အင်စပက်တာအဖြစ် ရောက်လာပါတယ်။ သူ့ထက် ရာထူးကြီးတဲ့ ရက်သနန်က အစပိုင်းမှာ သူနဲ့ပူးပေါင်းလုပ်ရတာကို မနှစ်သက်ပေမယ့် အမှုကိုင်တွယ်ပုံကို မြင်ရတဲ့နောက် ပူဂေ့ရဲ့ထက်မြက်မှုကို အသိအမှတ်ပြုလာတယ်။ နှလုံးခုန်စက်တပ်ထားတဲ့ လူနာတစ်ယောက်ကို စစ်ဆေးမေးမြန်းနေတုန်း အဲဒီလူ လွတ်သွားလို့ လိုက်ဖမ်းကြရပါတယ်။ အဲဒီအချိန်မှာ နှလုံးခုန်စက်တပ်ထားသူတစ်ယောက်ကို လိုက်ရှာနေတဲ့ အဘီရာမီဆိုတဲ့ မိန်းကလေးနဲ့ ဆုံမိကြတယ်။ ဒီနှလုံးခုန်စက်က အမှုနဲ့ ဘယ်လိုဆက်စပ်နေမလဲ။ မျက်နှာဖုံးစွပ်ပြီး နည်းလမ်းမျိုးစုံနဲ့ လိုက်သတ်နေသူက ဘယ်သူလဲ၊ ဘာကြောင့် သတ်နေတာလဲဆိုတာနဲ့အတူ သူ့ကို ဖမ်းမိနိုင်မလားဆိုတာပါ ဆက်စုံစမ်းရမှာပါ။ တမီးလ်ရုပ်ရှင်ဖြစ်ပြီး ပူဂေ့အဖြစ် Senguttuvan နဲ့ ရက်သနန်အဖြစ် Jaypee တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း