ဇာတ်ကားများ ရွေးရန်

High-Rise

2015ဇာတ်ကားအမှတ် 5.6/10119 မိနစ်

High-Rise (2015) IMDb - 5.6/10 Rotten - 60% "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် အထပ်မြင့်တိုက်မှာသွားနေပြီးတော့ ဖြစ်ပျက်ကြတဲ့ အကြောင်းလေးတွေကနေ ဇာတ်လမ်းတည်ဆောက်ထားတာပါ။ သွေးထွက်သံယိုခန်းနဲ့ sexခန်း နည်းနည်းပါလို့ မိသားစုနဲ့ကြည့်မကောင်းပါဘူး။ ဒါပေမယ့်လည်း ဒီဇာတ်ကားကိုက တစ်ယောက်တည်းကြည့်ပြီး ထိုင်တွေးရမယ့်ကားမျိုးဖြစ်လို့ တစ်ယောက်တည်းပဲအေးအေးဆေးဆေး ကြည့်ဖို့ Recommend ပေးပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__(980 MB) Quality__BR-Rip 720p IMDb Rating__5.6/10 Format__mp4 Duration__01:58:36 Type__Drama , Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း