Us X Her
ဒေ့ဗ်ဟာ တစ်ချိန်က ဘတ်စကတ်ဘောလက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ပြီး ချစ်သူမာရီကို လက်ထပ်ထားကာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒူးဒဏ်ရာကြောင့် အနားယူလိုက်ရတဲ့နောက် သူလုပ်တဲ့စီးပွားရေးတွေက ကိုဗစ်ကြောင့် တစ်ခုပြီးတစ်ခု အရှုံးပေါ်လာတယ်။ မာရီလည်း ကိုယ်ဝန်ပျက်ကျခဲ့ပြီး သူတို့ရဲ့အိမ်ထောင်ရေးမှာ အခက်အခဲတွေ စလာပါတယ်။ ဒေ့ဗ်ကိုယ်တိုင်က ဒူးဒဏ်ရာအတွက် သောက်နေရတဲ့ဆေးတွေကို စွဲလမ်းသလို ဖြစ်နေတယ်။ ဇနီးသည်နဲ့ကြားက မပြည့်ဝတဲ့ဆန္ဒတွေအတွက် သူ့ကို အရူးအမူးစွဲလမ်းတဲ့ ပရိသတ်ဟောင်း လီလာဆီမှာ ထွက်ပေါက်ရှာမိတဲ့နောက် ပြဿနာတွေ ပိုများလာပါတယ်။ ဒေ့ဗ်က လီလာကို ကိုယ်လိုသလို အသုံးချပြီး ပစ်ထားလိုက်ပေမယ့် လီလာက ငြိမ်မနေခဲ့ပါဘူး။ မာရီဆီကတစ်ဆင့် သူတို့အိမ်ထောင်ရေးထဲကို ပြန်ဝင်လာပြီး ဒီတစ်ကြိမ်မှာတော့ မာရီရဲ့ချစ်သူ ဖြစ်လာတာပါ။ ဒေ့ဗ်နဲ့ မာရီတို့က လီလာနဲ့အတူ သုံးယောက်သား ဆက်ဆံရေးတစ်ခုကို လက်ခံနိုင်မယ့် အခြေအနေရောက်လာပေမယ့် ဘယ်လိုပြဿနာတွေ ထပ်ကြုံရဦးမလဲ။ မာရီက ဒေ့ဗ်နဲ့ လီလာကြား ဘယ်သူ့ကို ရွေးမလဲ၊ လီလာကရော ဘယ်သူ့ကို ရွေးမှာလဲ။ ဒေ့ဗ်ကိုယ်တိုင်လည်း နှစ်ယောက်လုံးနဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်ပါ့မလား။ Angeli Khang နဲ့ Hugas ထဲမှာ ပါဝင်ခဲ့တဲ့ Aj Raval တို့ သရုပ်ဆောင်ထားတဲ့ ဒရာမာရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း