The Lunchbox
အီလာက သူ့အပေါ် အေးစက်နေတဲ့ ခင်ပွန်းအတွက် ထမင်းချိုင့် ပြင်ဆင်ပေးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ တစ်နေ့မှာ သူပို့လိုက်တဲ့ ထမင်းချိုင့်က ခင်ပွန်းဆီမရောက်ဘဲ တခြားသူတစ်ယောက်ဆီ မှားရောက်သွားပါတယ်။ အဲဒီလို လက်ခံရရှိသွားသူကတော့ တစ်ယောက်တည်းနေတဲ့ ဖာနန်ဒက်ပါ။ တစ်ခါမှ မတွေ့ဖူးကြတဲ့ သူတို့နှစ်ယောက်ဟာ ထမင်းချိုင့်ထဲမှာ စာလေးတွေ ထည့်ပို့ရင်း အဆက်အသွယ်ရလာကြတယ်။ အစမှာတော့ ဟင်းက ဆားငန်တယ်၊ အစပ်များတယ်ဆိုတဲ့ အကြောင်းလောက်ပဲ ပြောဖြစ်ကြပေမယ့် နောက်ပိုင်းမှာ ကိုယ့်ခံစားချက်တွေ၊ အမှတ်တရတွေကိုပါ ဖွင့်ပြောနိုင်တဲ့အထိ ရင်းနှီးလာကြပါတယ်။ စာတွေကနေတစ်ဆင့် တွယ်တာလာကြတဲ့ သူတို့ကြားမှာ ထုတ်မပြောဖြစ်တဲ့ ချစ်ခြင်းမေတ္တာလည်း ရှိလာတယ်။ Irrfan Khan ပါဝင်ထားတဲ့ ဒီရုပ်ရှင်က သာမန်ဘဝထဲက အဖြစ်အပျက်လေးတွေကို အခြေခံပြီး လူတစ်ယောက်မှာ ချစ်ပေးချင်စိတ်ရော အချစ်ခံချင်စိတ်ပါ ရှိတတ်ပုံကို ဖော်ပြထားပါတယ်။ မေတ္တာကို ဖွင့်ဟပုံ အမျိုးမျိုးရှိတဲ့အကြောင်းကိုလည်း သူတို့ပို့တဲ့ စာတွေနဲ့ ဆက်ပြောထားတာပါ။
ဇာတ်လမ်းအကြောင်း