ဇာတ်ကားများ ရွေးရန်

Everglow

2021ဇာတ်ကားအမှတ် 6.0/1095 မိနစ်

ဂိုဂျင်အို့က ဂျယ်ဂျူကျွန်းရဲ့ အတော်ဆုံး ရေငုပ်သမတစ်ယောက်ပါ။ အသက်အရွယ်ကြီးလာတဲ့ သူ့အတွက် သမီးမရှိတော့တဲ့နောက်ပိုင်း ဘဝက အထီးကျန်စရာ ဖြစ်နေခဲ့ပါတယ်။ အိပ်ရာထဲလဲနေတဲ့ ခင်ပွန်းကို ပြုစုရင်း ရေငုပ်တဲ့အလုပ်နဲ့ပဲ အသက်မွေးနေရတယ်။ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာ အလုပ်လုပ်တဲ့ ပီဒီလူငယ် ဂယောင်ဟွန်းကတော့ ဂိုဂျင်အို့အကြောင်း အစီအစဉ်ရိုက်ကူးချင်လို့ ဂျယ်ဂျူကို ရောက်လာပါတယ်။ ဒါပေမယ့် ဂိုဂျင်အို့က ရိုက်ကူးဖို့ လက်မခံဘဲ အကြိမ်ကြိမ် ငြင်းနေတဲ့အတွက် ဂယောင်ဟွန်းက နည်းလမ်းအမျိုးမျိုးနဲ့ ဖြောင်းဖျဖို့ ကြိုးစားရတယ်။ စိတ်ဒဏ်ရာချင်းတူတဲ့ သူတို့နှစ်ယောက် ဘယ်လို နီးစပ်လာကြမလဲ၊ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း ဘယ်လို ချစ်မိသွားကြမလဲဆိုတာကို ပြောပြထားတဲ့ ဒရမ်မာဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း