King of Snipers
Libiwala နယ်မြေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ကျယ်ပြန့်လာပြီး အာဏာပိုင်တွေကလည်း စိုက်ပျိုးမှုကို လက်ဝါးကြီးအုပ်ကာ တရားဝင်စိုက်ပျိုးနိုင်တဲ့အထိ တိုးချဲ့လာကြပါတယ်။ ပြည်သူတွေ ဘေးကင်းဖို့ နေရာအသီးသီးက လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာသလို ဆန္ဒပြပွဲတွေလည်း ဆက်တိုက် ဖြစ်လာတယ်။ အဲဒီအချိန်မှာ အမျိုးသမီးစနိုက်ပါသမား အန်းန၊ အေးဂျင့် အားထိုက်နဲ့ ဒေါက်တာဖန်းတို့ဟာ တာဝန်တစ်ခုကို အတူထမ်းဆောင်ဖို့ အကြောင်းဖန်လာပါတယ်။ တာဝန်ကို ဆောင်ရွက်ရင်း လုပ်ကြံသတ်ဖြတ်မှုတစ်ခုရဲ့ နောက်ကွယ်က အမှန်တရားကို သိလာကြပြီး ဒုစရိုက်လောကထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားကြတယ်။ မူးယစ်ဆေးနွံထဲက အပြစ်မဲ့ပြည်သူတွေကို ကယ်နိုင်ပါ့မလား၊ လက်ခံထားတဲ့ တာဝန်ကို အဆုံးအထိ ထမ်းဆောင်နိုင်ပါ့မလား၊ သူတို့ကိုယ်တိုင်ရော ဒီဒုစရိုက်လောကထဲက ပြန်ရုန်းထွက်နိုင်ကြမလားဆိုတဲ့ မေးခွန်းတွေကို ဆက်လိုက်ရမှာပါ။
ဇာတ်လမ်းအကြောင်း