Eternal Bond
ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Mystery,Thriller, Supernatural အမျိုးအစား ထိုင်းရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာမှာ အရှေ့အာရှစစ်မီးတောက်ချိန်ကာလ ထိုင်းနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးအခြေအနေကို ထင်ဟပ်ပုံဖော်ထားပြီး ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်များနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း စစ်မီးဒဏ်ရဲ့ ပျံ့နှံကူးစက်မှုကို ကြံ့ကြံ့ခံရင်း စီးပွားရေးကို ရှေ့ဆက်နိုင်ဖို ကြိုးစားနေတဲ့ ထိုင်းနိုင်ငံမှာ ဂျပန်စစ်တပ်၏လွှမ်းမိုးဗိုလ်ကျအနိုင်ကျင့်မှုတွေကို ခါးစည်းခံနေကြရပါတယ်။ ပီ.ပန်နစ်ဆန်စက်လုပ်ငန်းရှင် ပရာနွတ်ဟာ ထိုင်းအစိုးရအဖွဲရ တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ဂျပန်စစ်တပ်ရဲ့ ဖိအားပေးမှုတွေကို ခံနေရပါတယ်။ ဒီအကြပ်အတည်းကာလမှာပဲ ရပ်တည်နိုင်အောင်ကြိုးပမ်းနေရချိန်မှာ သူ့ဆန်စက်ကို ရောက်လာတဲ့ လူငယ်စာရေးလေး ထာရင်ရဲ့ ထက်မြက်မှုနဲ့ဖြေရှင်းနိုင်ခဲ့တာတွေလည်း များပြားလာခဲ့ပါတယ်။ ထာရင်ဟာ ဆန်စက်မှု စာရေးအလုပ်ကိုလုပ်ကိုင်ရင်း သူ့ရဲ့လျှိဝှက်အဖွဲကို ဂျပန်နဲ့ ပတ်သက်တဲ့သတင်းတွေ စုဆောင်းပေးနေရသူလည်း ဖြစ်ပါတယ်။ ပရာနွတ်မှာ အရွယ်ရောက်တဲ့ သားရှိပေမယ့် အားမကိုးရ။ သမီးဖြစ်သူကိုလည်း ဘန်ကောက်မှာ ပညာသင်ဖို စေလွှတ်ထားချိန်လည်းဖြစ်ပါတယ်။ တစ်နေ့ အိမ်ရာထဲလဲနေတဲ့ အဘိုးဖြစ်သူရဲ့ အသည်းအသန်အခြေအနေဖြစ်နေကြောင့် ကျင်တာဆိုတဲ့သမီးငယ်ဖြစ်သူကို သားကြီးက အိမ်သို ပြန်ခေါ်လာခဲ့ပါတယ်။ အဲဒီညမှာ လကြတ်သွားပြီး အဘိုးဖြစ်သူကလည်း ထူးဆန်းတဲ့ဖြစ်ရပ်နဲ့အတူ ဆုံးပါးသွားခဲ့တာကို မြေးမလေး ကျင်တာ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပါတယ်။ အဘိုးဖြစ်သူရဲ့သေဆုံးမှုကို အကြောင်းပြုပြီး ကျင်တာ့အပေါ် လူတွေရဲ့ တီးတိုးစကားတွေနဲ့ကျင်တာကြုံလိုက်ရတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေကြောင့် အဘိုးဖြစ်သူရဲ့ ထူးဆန်းတဲ့သေဆုံးမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ လျှိဝှက်ချက်များစွာနဲ့ထာရင်၊ ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တွေ ကြုံလိုက်ရတဲ့ ကျင်တာတိုအတူလက်တွဲကာ ဖြစ်ပေါ်နေတဲ့အခြေအနေကို ဘယ်လိုအဖြေရှာ ရုန်းထွက်သွားကြမလဲဆိုတာ... အဓိက ဇာတ်ဆောင်များ ထာရင်အဖြစ် James Ma ကျင်တာအဖြစ် Neeya Makela ဇာတ်လမ်းအညွှန်းကို DaoPhyo မှရေးသားပေးထားပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CM Team
ဇာတ်လမ်းအကြောင်း