Natural Born Killers
မစ်ကီနဲ့ မယ်လိုရီတို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ ကြီးပြင်းလာခဲ့ကြသူတွေပါ။ သူတို့နှစ်ယောက် တွေ့ဆုံပြီးနောက် မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့ မိဘတွေကို သတ်ပြီး အတူထွက်ပြေးကြပါတယ်။ အဲဒီနောက်မှာတော့ လူသတ်မှုတွေ ဆက်ကျူးလွန်တဲ့ စုံတွဲဖြစ်လာကြတယ်။ သူတို့ကားရပ်တဲ့ နေရာတိုင်းမှာ အနီးအနားက လူတွေကို သတ်ဖြတ်တတ်ကြပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ အသက်ချမ်းသာပေးထားတတ်ပါတယ်။ ဒီလိုနဲ့ နာမည်ကြီးလာတဲ့ ရာဇဝတ်စုံတွဲကို မီဒီယာတွေက မြှောက်ပင့်ဖော်ပြကြတဲ့အခါ တစ်နိုင်ငံလုံးကပါ သူတို့ကို ထောက်ခံအားပေးလာကြတယ်။ မစ်ကီနဲ့ မယ်လိုရီအဖြစ် Woody Harrelson နဲ့ Juliette Lewis တို့ သရုပ်ဆောင်ထားပြီး သတင်းထောက် ဝိန်းဂေးလ်အဖြစ် Robert Downey Jr. လည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း